ညီညွှတ်ခြင်း နှင်းဆီ အငြိမ့် (London)

မြန်မာပြည် အလွမ်းပြေ အငြိမ့် ကြည့်ကြမလား??? ဒါရိုက်တာ မောင်မျိုးမင်း ဦးဆောင်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး၊ ရဲလေး၊ မိုးယုစံ၊ ဂျင်းနီ၊ တင်မောင်ဆန်းမင်းဝင်း တို့ ပါဝင် ဖျော်ဖြေမည့် ညီညွှတ်ခြင်း နှင်းဆီ အငြိမ့် လန်ဒန်မှာ 08-07-2012 (တနင်္ဂနွေ) နေ့ကျရင် ကမှာနော်။ လက်မှတ်ကို အဲဒီ့နေ့ကျမှ ၀ယ်ရင် 25 ပေါင်၊ ကြိုဝယ်ထားမယ်ဆိုရင်တော့ 22 ပေါင်တဲ့၊ လိပ်စာကတော့.. Greengord Town Hall, Ruislip Road, (Junction with Oldfield Lane South), Greenford, Middlesex, London, UB6 9QN. ဖြစ်ပြီး။ ညနေ 5:00 နာရီကနေ 10:00 နာရီအထိ ကပြအသုံးတော် ခံမှာဖြစ်ပါတယ်။ လက်မှတ် ၀ယ်ဖို့ ဆက်သွယ်ချင်တယ်ဆိုရင်..။
သာသနာ့ရံသီ – 02082050221
ကိုထွန်းလင်း – 07946707691
စောရန် – 07805032453
မနီလာ – 07723344933
ဇာနည်ကိုကို – 07576607122
ငယ်ငယ် – 07908815880 တို့ထံမှာ ဆက်သွယ် စုံစမ်း မေးမြန်း ၀ယ်ယူနိုင်ကြပါပြီ။

Posted in ညီညွှတ်ခြင်း နှင်းဆီ အငြိမ့် | Leave a comment

Iron Cross London Tour 2012

လန်ဒန်မှ Iron Cross ပရိတ်သတ်အတွက် 14 July 2012 နေ့ ညနေ ၆ နာရီ ကျရင် ရှိုးပွဲရှိတယ်နော်။ လိပ်စာကတော့ 28, New Kent Road, London SE1 6TJ ဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်းကို ရေးမထားပါဘူး။ ထပ်မံ Up to date လုပ်ပေးပါ့မယ်။

Photo : ZY Lin (Thar Zay)

Posted in Uncategorized | Tagged , , | Leave a comment

A collection of my HDR photos

HDR (high Definition Range) Tutorial တွေကို ကြည့်ပြီး ဖန်တီးချင်လာတာနဲ့ ကိုယ်တိုင် ဖန်တီးကြည့်ပါတယ်။ သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး။ တစ်နေ့ ကျနော်လဲ HDR Tutorial တွေကို မြန်မာလို ဖန်တီးကြည့်ပါဦးမယ်။

Posted in Uncategorized | Leave a comment

Photography

အိမ်မှာနေရင်း ပျင်းလာလို့ ဟိုဒီလျှောက်ရိုက်ထားတာလေးတွေ တင်လိုက်ဦးမယ်။ သည်းခံ၍သာ အားပေးကြပါ။ အရင်းတုန်းကတော့ စာရေးဖို့ အားသန်တယ် အခုနောက်ပိုင်းတော့ ဘယ်လိုဖြစ်တယ် မသိဘူး စာလဲ မရေးချင်ဘူး စာလဲ မဖတ်ချင်ဘူး။ ဓါတ်ပုံရိုက်ဖို့ပဲ အားသန်နေတော့တယ်။


အလှတရား ဆိုတာ တစ်ခါတစ်လေ စူးစူးစိုက်စိုက်ကြည့်မှ မြင်ရတတ်တာမျိုးပါ။


ဘ၀မှာ လမ်းညွှန်မှုတွေက အရေးအကြီးဆုံးပါ။ (ဒီပုံလေးကို Photoshop နဲ့ အနည်းငယ်ပြင်ထားပါတယ်။ စရိုက်တုန်းကတော့ All color ပါ)

Posted in Photography | Tagged | Leave a comment

London Buddha (Vesak) Day Ceremony

ဒီတစ်ပါတ်မှာတော့ အလုပ်က စနေ၊ တနင်္ဂနွေ ပိတ်ပြီး တနင်္လာနေ့က Bank Holiday ဖြစ်တာကြောင့် အလုပ်(၃)ရက် ပိတ်တယ်။ ပြီးတော့ တစ်လ တစ်ခါတောင် မိသားစုလိုက် အပြင်မထွက်ဖြစ်တာကြာနေပြီဆိုတော့လန်ဒန်က မြန်မာလူမျိုးများ စုပေါင်းကျင်းပတဲ့ Buddha နေ့ကို သွားလိုက်တယ်။ ကင်မရာလေးနဲ့ မြင်သမျှ တွေ့သမျှလေး လက်တည့်စမ်းထားတာပါ။ သည်းခံပြီး အားပေးသွားကြပါဦးနော်။



Posted in Buddha's Birthday, Vesak DAy | Tagged , | Leave a comment