Category Archive: Uncategorized

Richmond Park

 

 

 

ကျနော့် အိမ်နဲ့ မနီးလဲ မနီး အရမ်းလဲ အဝေးကြီး မဟုတ်တဲ့ Richmond park မှာသွားလို့ ဓါတ်ပုံ ရိုက်ခဲ့တယ်။ အဲဒီ့ ပန်းခြံထဲမှာ သမင်တွေ ငှက်ပေါင်းစုံနဲ့ သစ်ပင်သစ်တော တွေကို သဘာဝအတိုင်း ထားထား လွှတ်ထားတာ တွေ့ရတယ်။ ပြီးတော့ အင်္ဂလန် တော်ဝင် မိသားစုလည်းပဲ တစ်ခါတစ်ရံ အမဲလိုက်ထွက်လေ့ရှိတယ်လို့လဲ ပြောကြတယ်။ ကျနော့် ဒီဇင်ဘာ holiday ရတဲ့ ဆယ်ရက်ကျော် ကာလအတွင်းမှာ ဒီတစ်ရက်ပဲ ဓါတ်ပုံ ထွက်ရိုက်ဖြစ်တယ် ကျန်တဲ့ရက်တွေက ရာသီဥတု မကေင်းလို့ စားဖို့သောက်ဖို့ ဈေးဝယ်တာကလွဲရင် အိမ်ထဲကနေ အိမ်ပြင်တောင်လုံးဝ မထွက်ဖြစ်ဘူး။ 2013 ရောက်ပြီ မိတ်ဟောင်း မိတ်သစ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေဗျာ..။

DSC_1174-Edit-1Hnin thar 3 (1 of 1)

swan
hinn thar 2

Minbu

This photo was taking in year of  2007 when I was started learning photography and try to goes around my country. It’s in Minbu district, Magwe division, Myanmar. The man taking bath by the river. I can’t stay out of my eye from this view and take the snap with my canon 400D camera.

London Notting Hill Carnival 2012

Iron Cross လန်ဒန် ပွဲ ပြီးကတည်းက ဘလော့ခ်ကို မရေးဖြစ်တော့ဘူး။ အလုပ်ကလဲ တောက်လျှောက်လုပ်နေရတာဆိုတော့ ဘာမှကို မထိနိုင် မကိုင်နိုင်နဲ့ သုံးနေကျ social netwrok Facebook တောင်မှ Mobile ကနေပဲ သုံးဖြစ်တော့တယ်။ IC ပွဲပြီးတော့ ကြားထဲမှာ ပွဲတွေ သွားဖြစ်တာတော့ အများကြီးပဲ လူလဲ လန်ဒန်မှာ ရှစ်စပ်ကဂျင်ချေလည်နေပြီ ဘယ်ကနေ ဘယ်လိုသွား ဘယ်နေရာမှာ စောင့် ဘယ်လိုရိုက်ဆိုတာ သိတော့ သိနေပါပြီ။ London Olympic ကိုတော့ သွားမယ် သွားမယ်နဲ့ လုပ်နေတာ လုံးလုံး မရောက်တဲ့ အထိကို ဖြစ်သွားတာ။ ဖြစ်ဆို လတ်မှတ် တန်းစီထားတာ အိုလံပစ်ပွဲသာ ပြီးသွားတယ် ကျနော့်အလှည့်ကို မရောက်ဖြစ်တော့ဘူး အဲလောက်ထိ လူများတယ်လို့ ဆိုရမယ်။ ကြားထဲမှာ မင်္ဂလာဆောင် သွားရိုက်ပေးတာတို့ London Bridge ဘက်ကို ရောက်ဖြစ်တယ် ဓါတ်ပုံ ရိုက်ဖြစ်တယ်ဆိုပါတော့။ သိပ်လဲ ကောင်းတဲ့ ပုံတွေ မဟုတ်တာနဲ့ ဘလော့ခ်ပေါ်မှာလဲ မတင်ချင်ဘူး ရေးလဲ မရေးချင်တော့ဘူး။ အခုတော့ 26/27 August က လုပ်သွားတဲ့ Canival ပွဲကိုတော့ နှစ်ရက်လုံးလုံး သွားပြီးတော့ ဓါတ်ပုံ ရိုက်ဖြစ်တယ်။ တစ်ချို့ပုံတွေက Facebook တို့ 500px တို့မှာ တင်ပြီးသားတွေပါ။ဘလော့ခ်ကို အဆက်မပြတ်ချင်တာနဲ့ ထပ်တင်လိုက်တဲ့ သဘောပါပဲ။ ဒီလကုန်ရင်တောင် ဘလော့ခ် hosting က သက်တမ်းတိုးဖို့ စာပို့ထားတယ်။ ကျနော်က ထပ်တိုးရင် ကောင်းမလား မကောင်းလား စဉ်းစားနေတုန်းပဲ..။

ခုတစ်လော ပုံတွေ….။

အခုတစ်လော ရိုက်ဖြစ်တဲ့ ပုံလေးတွေပါ..။ ဓါတ်ပုံ ရိုက်ရတာ ကိုယ့်ကိုကိုယ် သိပ်စိတ်တိုင်းမကျသေးပါဘူး။ တစ်ခါတစ်ရံ မျက်စိ နဲ့ မြင်တိုင်း ဓါတ်ပုံက မရဖြစ်ဖြစ်နေတယ်။ အိမ်ထဲက အိမ်ပြင်လဲ သိပ်မထွက်ဖြစ်တော့ ထူးထူးခြားခြား ပုံတွေ ပါမှာ မဟုတ်ပါဘူး။

50mm prime len နဲ့ သား ရုတ်တရက် ပြန်လှည့်ကြည့်တဲ့ အချိန်ကို ရိုက်ထားလိုက်တာပါ။


အလုပ်က ပြန်တဲ့ အချိန်လမ်းမှာ ကြုံလို့ ရိုက်ထားလိုက်တာပါ။ အိမ်ပြန်ချိန်လို့ အမည်ပေးထားပါတယ်။


အမေများနေ့ အမှတ်တရပါ။ အနားမှာ ရှိတဲ့ အမေနဲ့သားကိုပဲ ရိုက်ထားလိုက်ပါတယ်။

Iron Cross London Tour 2012

လန်ဒန်မှ Iron Cross ပရိတ်သတ်အတွက် 14 July 2012 နေ့ ညနေ ၆ နာရီ ကျရင် ရှိုးပွဲရှိတယ်နော်။ လိပ်စာကတော့ 28, New Kent Road, London SE1 6TJ ဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်းကို ရေးမထားပါဘူး။ ထပ်မံ Up to date လုပ်ပေးပါ့မယ်။

Photo : ZY Lin (Thar Zay)

Sharing Buttons by Linksku