Category Archive: zaganar

Zaganar in London

ဇွန်လ 10 ရက်နေ့က လန်ဒန်ကို ရောက်နေတဲ့ ကိုဇာဂနာနဲ့ ယူကေမှာ ရှိတဲ့ မြန်မာ မိသားစုတွေ တွေ့ဆုံပွဲကို south bank university မှာ ကျင်းပခဲ့ပါတယ်။ မြန်မာပြည်က လူတွေ ပြောပြောနေတဲ့ facebook က စထ္တုထ မဏ္ဍိုင် တာဝန်ကို ယူထားရတယ်ဆိုတာ UK မှာလဲ ထိုနည်းလည်းကောင်းပါပဲ။ နီးစပ်ရာ အချင်းချင်း လက်တို့ ပြောကြတာရယ် facebook event ကို တွေ့တာရယ်ကြောင့် သွားဖြစ်ခဲ့ပါတယ်။ university campus ကို ရောက်နေသော်လည်း ပွဲကို ဘယ်နေရာမှာ ကျင်းပမလဲ ဆိုတာ မည်သည့် လမ်းညွှန် ဆိုင်းဘုတ်မျိုးမှ မရှိလို့ ကျနော့်မှာ တော်တော် ချာလပတ်ရမ်း ခဲ့ရပါသေးတယ်။ နောက်မှ ပုဆိုးဝတ်ထားတဲ့ လူငယ်လေး တစ်ယောက်ရဲ့ နောက်ကို အသာလေး နောက်ယောင်ခံ လိုက်သွားမှပဲ ပွဲကျင်းပမဲ့ ခန်းမကို ရောက်သွားပါတော့တယ်။ ဘယ်နေရာ ဘယ်အခန်းမှာ ကျင်းပမည် လို့ လမ်းညွှန် ဆိုင်းဘုတ်နဲ့၊ event မှာ Map တစ်ခုမှ မတွေ့ခဲ့မိပါဘူး။ ပွဲနဲ့ ပါတ်သက်တဲ့ Information တော်တော် နည်းတယ်လို့ ပြောရပါမယ်။ နည်းနည်းနဲ့ ကျဲကျဲ ၀ိုင်းခဲ့လို့လားတော့ မသိပါဘူး။ အစပထမ တုန်းကတော့ ပွဲကို ၀င်ကြေး တစ်ယောက်လျှင် ဆယ်ပေါင်နှုန်း ကောက်ခံမယ်လို့ ကြေငြာထားပြီး ကျနော်လဲ ဘယ်နားမှာ ၀င်ကြေး ပေးရမလဲ လို့ အခန်းပေါက်ဝနားမှာ ရှိနေတဲ့ တစ်ယောက်နှစ်ယောက် ကို မေးကြည့်တော့ ၀င်ကြေး ပေးစရာ မလိုတော့ပါဘူး အလှူငွေတော့ ထည့်ချင်ရင် ထည့်သွားလို့ ရပါတယ် ဆိုလို့ 10 ပေါင် ထည့်ဝင် လှူဒါန်းခဲ့လိုက်ပါတယ်။ ပွဲ အစအဆုံး ဗွီဒီယို မှတ်တမ်းတင်ခဲ့ပေမဲ့ တစ်ချို့ လူတွေက ထသွားလိုက် ထလာလိုက်နဲ့ မို့လို့ ရိုက်ထားတဲ့ ဗွီဒီယိုကို ကြည့်ပြီး စိတ်ဆင်းရဲတာနဲ့ နည်းနည်း ကောင်းမဲ့ အခန်းတစ်ချို့ကိုပဲ ဖြတ်ညှပ်ကတ်ပြီး youtube ပေါ်တင်လိုက်ပါတယ်။ ဒီနေရာမှာ ကျနော့် အနေနဲ့ တစ်ခုလောက်တော့ ဖြတ်ပြောပါရစေ ဗမာ လုပ်တဲ့ ပွဲဖြစ်ဖြစ်၊ နိုင်ငံခြားသား လုပ်တဲ့ ပွဲဖြစ်ဖြစ် ဘယ်ပွဲကိုပဲ သွားသွား ကျနော်တို့တွေ စည်းကမ်း ရှိဖို့ လိုအပ် ပါတယ်။ ဒါကတော့ ဗမာ လုပ်တဲ့ ပွဲမို့ ဘာမှ မဖြစ်လောက်ပါဘူး ဆိုပြီး မလုပ်သင့်ပါဘူး။ တစ်ချို့ တစ်လေများဆို ဖုန်းကို silence လုပ်ထားရ ကောင်းမှန်း မသိပါဘူး။ တစ်ချို့ တစ်လေ ဆိုရင် ပွဲ မှာ ဘာတာဝန်တွေ ယူထားရလဲတော့ မသိပါဘူး lecture ခန်းမှာ ပွဲ လုပ်တာ ဆိုတော့ ခုံတန်း တစ်တန်းကို ၀င်တော့မယ် ဆိုရင် ထိပ်ဆုံးကနေပဲ ၀င်ရ ထွက်ရပါတယ်။ ခဏခဏ ၀င်လိုက် ထွက်လိုက် ဆိုတော့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ သူဆို ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်လိုက်မလဲ ဆိုတာ ကိုယ်ချင်း စာကြည့်လို့ ရမှာပါ။ ကိုယ့်ဗမာ အချင်းချင်း ဆို ကိစ္စ မရှိပေမဲ့ နိုင်ငံခြားသား ဆိုရင်တော့ အလိုက်မသိရ ကောင်းလား လို့ အကုန်လုံးကို သိမ်းကျုံး အထင်သေးသွားနိုင်ပါတယ်။ ဒါပေမဲ့ မသိသား ဆိုးရွား ဆိုသလိုပဲ sorry လေး တစ်ခွန်း ဆိုလိုက် ၀င်လိုက် ထွက်လိုက်နဲ့ပါပဲ ဘေးကမြင်နေရတဲ့ ကျနော့် အတွက်ကတော့ ဘယ်လိုမှ စိတ်ချမ်းသာစရာ မြင်ကွင်း တစ်ခု မဖြစ်ခဲ့ပါဘူး။

ပွဲစီစဉ်သူတွေ အနေနဲ့ ဒီဗွီဒီယို တင်ခဲ့ခြင်းအတွက် နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုဇာဂနာ ကိုလဲ ဒီနေရာကနေပဲ ခွင့်တောင်းပါရစေ။

 

Sharing Buttons by Linksku