Category Archive: electricity and water

မီးနှင့်ရေ

တစ်ကယ်ပါ ကျနော်တို့ဆီမှာ “မီး´´ လာပါတယ်။ ဘုရားစုး လာတာပါ။ အချိန်လည်းမှန်ပါတယ်။ လာရမယ့် အချိန်ဆို ရင် တန်းခနဲလာတာပါပဲ။ ဒါပေမယ့် လာပြီး 15 မိနစ်ဆိုရင် ပျက်ပါတယ်။ ပျက်ရမယ့် အချိန်ဆိုရင် လည်း မပျက်ခင် 15 မိနစ်ဆို မီးမှန်ပါတယ်။ 15 မိနစ်နောက်ပိုင်းဆိုရင်တော့ မီးပျက်ပါတယ်။ ဒါကြောင့် ကျနော်က နာမည် ပေးထားပါတယ် “15 မိနစ်မီး´´လို့။

မီးလာတဲ့ အတွက်ကြောင့် ရေလည်း လာပါတယ်။ အဟုတ်တစ်ကယ် လာတာပါ။ မယုံရင်လာကြည့်ပါ ကျနော်တို့ တစ်တိုက်လုံးလုံး ရွှဲရွှဲစိုအောင်ကို လာတာပါ။ ဂျိုးဖြူရေတော့ မဟုတ်ပါဘူး။ တစ်စည်ကို သုံးထောင်ကျပ်ပေးရတဲ့ ရပ်ကွက်ထဲက ရေစည်လှည်းပါ။(မြေညီထပ်ဆိုရင်တော့ တစ်စည်ကို 2000 ကျပ်ဖြစ်ပါတယ်။) နေ့တိုင်းနီးပါး ရေ၀ယ်သုံးရလွန်းလို့ အောက်ထပ်ကနေ အပေါ်ကို ဆွဲတင်ရလွန်း လို့ ဖိတ်နေတဲ့ ရေတွေဟာ ကျနော်တို့ တိုက် တစ်တိုက်လုံးကို ရွှဲရွှဲစို စေတာပါ။

Sharing Buttons by Linksku