ဘာလိုလိုနဲ့ ကျနော် Blogging လုပ်တာ သုံးနှစ်ပြည့်တော့မယ်။ လာမည့် နိုဝင်ဘာဆိုရင် သုံးနှစ်တင်းတင်း ပြည့်ပြီ။ အကျိုးရှိတဲ့ ပို့စ် ပါသလို အကျိုးမရှိတဲ့ ပို့စ်တွေလဲပါတယ်။ အကျိုးမရှိတာကတော့ ပိုများမယ် ထင်တယ်
အခုလဲ အင်တာနက်ပေါ်မှာ Search လုပ်ရင်းနဲ့ ဒီဗီဒီယိုလေးကို သွားတွေ့တယ် What is a browser? သူက လူတွေကို အင်တာဗျူးထားတာလေ။ Browser ဆိုတာဘာလဲပေါ့?။ ဘယ် Browser တွေကို သိလဲလို့ မေးတယ်။ သိတဲ့လူလဲ သိပေါ့ မသိတဲ့လူတွေလဲ မသိနဲ့။ ကျနော့် အမေကို မေးဘူးတယ်။ `ဘာတွေ လာမေး နေတာလဲတဲ့´ ဟိ။ အဖေကတော့ သိတယ် သူက အင်တာနက်ကို သုံးဖူးတာကိုး။ အင်တာနက် သုံးတဲ့ လူတော်တော်များများတောင် browser နဲ့ search engine နဲ့ကို ကွဲကွဲပြားပြား မသိသေးဘူးဗျ။ အင်တာနက် ထွန်းကား ပါတယ် ဆိုတဲ့ အမေရိကားက လူတွေတောင် မသိဘူး ဆိုတော့ ဒီက လူတွေ ပိုဆိုးမယ်။ ကဲ Browser ဆိုတာ ဘာလဲ ဆိုတာ ကျနော် အောက်မှာ copy လုပ်ပေးလိုက်တယ်နော်။ ဗွီဒီယို လေးပါ တစ်ခါတည်း ကြည့်သွားကြပေါ့ဗျာ။

The major web browsers are Windows Internet Explorer, Mozilla Firefox, Apple Safari, Google Chrome, and Opera.


