Category Archive: Memorial Of MBS First Seminar

Memorial Of MBS First Seminar

…Memorial Of MBS First Seminar …

ကျနော်တို့ 2007 စက်တင်ဘာမှာ Blog နဲ့ ပါတ်သက်လို့ Seminar လုပ်ခဲ့တယ်ခင်ဗျ။ Myanmar Blogger များရဲ့ ပထမဦးဆုံးပွဲဆိုတော့ အရာရာအားလုံဟာ မှတ်မှတ်ရရရှိခဲ့သဗျ။ အဲဒီ့ပွဲမှာ ကျနော် ဓါတ်ပုံ မရိုက်နိုင်ပါဘူး။ အဲဒီ့အချိန်က ကင်မရာ မှ မ၀ယ်နိုင်သေးတာကိုး။ သူများတွေရိုက်တဲ့ ဓါတ်ပုံတွေကို တောင်းရတာပေါ့ခင်ဗျာ။ ပြောရဦးမယ် Seminar က 2007 မှာ လုပ်တာနော်။ ကျနော် ဓါတ်ပုံ ရတဲ့ အချိန်က 2008 ခုနှစ်ဖြစ်နေပြီဗျ။ 2007 မှာ ဟိုဟာဖြစ် ဒီဟာဖြစ်နဲ့ ဆိုတော့ လူတွေလဲ ဟိုရောက် ဒီရောက်နဲ့ရယ် ပြီးတော့ Blogger တွေ ဆိုတာ အဲဒီ့ အချိန်မှာ နာမည် တအားကြီးလေတော့ ဓါတ်ပုံပိုင်ရင် တစ်ချို့လဲ မထုတ်ရဲဘူးထင်ပါ့ဗျာ။ မရခဲ့လိုက်ဘူး ကျနော်လဲ မေ့မေ့ပျောက်ပျောက်ရှိခဲ့တာရယ် ပြီးတော့ ဓါတ်ပုံတွေကို ဘယ်သူတွေ သိမ်းထားတယ် ဆိုတာ ရယ်ကို မသိတော့လို့ ဘယ်သူ့ဆီလိုက်တောင်းရမယ်မှန်း မသိတော့ပဲ အဲဒီ့ ဓါတ်ပုံတွေကို မေ့သွားတယ်။ 2008 နိုဝင်ဘာမှာတော့ မင်းယွန်းသစ် ဆီက အဲဒီ့ ဓါတ်ပုံတွေကို ရလိုက်တယ်ခင်ဗျ။ ဒါပေမယ့် ကျနော်ရဲ့ ပေါ့လျော့မှုကြောင့် အလုပ်လုပ်တဲ့ နေရာမှာ သိမ်းထားခဲ့မိတယ်။ အဲဒီ့ အလုပ်ကနေ ထွက်လာပြီးတဲ့ နောက်မှာ တော့ ပစ္စည်းတွေကို သွားမသိမ်းမိတော့ပဲ ဓါတ်ပုံတွေ အကုန်လုံးကို စုစည်း ကူးထားတဲ့ DVD လဲ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ပါဘူး။ အခုတော့ အဲဒီ့ ဓါတ်ပုံတွေ အကုန်လုံးကို ဟိုတစ်လော လေးက MBS အတွက် website လုပ်မယ် ဆိုမှ ကိုသက်ထူး ဆီက ရသဗျ။ အဲဒါနဲ့ ကျနော်လဲ မနှေးမြန်မကြာ ကျနော့်ရဲ့ကွန်ပျူတာထဲမှာ ကူးထားလိုက်ရတော့တယ်။ အမှတ်တရတွေထဲက အမှတ်တရပေါ့ဗျာ။ အဲဒီ့တုန်းက ကျနော်ကိုယ်တိုင် ပွဲကို တက်ခဲ့ပေမယ့် ဘာပို့စ်မှ မရေးဖြစ်တာ ကို အစားထိုးတဲ့ အနေနဲ့ ဓါတ်ပုံတွေ တင်လိုက်တယ်။

Sharing Buttons by Linksku