Category Archive: Barcamp Myanmar

Barcamp Myanmar


…BARCAMP MYANMAR…

 Barcamp ဆိုတာက ဟောပြောပွဲ သက်သက် မဟုတ်သလို၊ နည်းပညာများကို သရုပ်ဖော်ပြသခြင်း သက်သက်လည်း မဟုတ်ပါဘူး။ ခေါင်းစဉ်ကြီးတွေ တပ်တဲ့ ဆွေးနွေးပွဲကြီးမျိုးလည်း မဟုတ်၊ Conference လို မျိုး လည်း မဟုတ်တဲ့အတွက်၊ Un-conference လို့ ခေါ်ဆိုနိုင်ပါတယ်။
Barcamp မှာ Experts တွေက Non-Experts တွေကို ဆရာလုပ် သင်ကြားပေးတဲ့ပုံမျိုးနဲ့မသွားပါဘူး။ လူတိုင်း လူတိုင်းရဲ့ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းလေးတွေ၊ သူများကို အသိပညာ ဝေမျှနိုင်မယ့်အပိုင်းတွေ ကိုယ်စီ ရှိကြတယ်လို့ Barcamp ကယူဆပါတယ်။ အဲဒီအတွက် နည်းပညာ၊ အသိပညာ ဖြန့်ဝေတဲ့ ပုံစံဟာ၊ သမား ရိုးကျ သင်ကြားပေးပုံကို လုံးဝပြောင်းပြန် လှန်ပစ်လိုက်ပြီး၊ ပိုပြီး interactive ဖြစ်တဲ့ ဆွေးနွေးဖလှယ်မှု ပုံစံမျိုးနဲ့ သွားမယ့် Event ဖြစ်ပါတယ်။
Barcamp မှာ စည်းကမ်းကလနား တွေ၊ agenda များမရှိပဲ အချင်းချင်း တူညီစွာ စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ မိမိ ပြောပြ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာ များကို လွတ်လွတ်လပ်လပ်  ဆွေးနွေး ဖလှယ်ကြပြီး၊ ပြောဆိုဆွေးနွေးကြတဲ့ ခေါင်းစဉ်ရဲ့ ဦးတည်ရာကို အလိုက်သင့် လိုက်ပါ ဆွေးနွေး ကြမှာဖြစ်ပါတယ်။
Barcamp ရဲ့ အနှစ်သာရ၊ အသက်ဝင်မှုကတော့ မိမိကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေး(participating) ခြင်းပါပဲ။ Barcamp ကို နားထောင်ရုံသက်သက် လာမှာထက်၊ ကိုယ်သိချင်တဲ့ အကြောင်းအရာအတွက် မေးခွန်းတွေ၊ ကိုယ်သိထားတာတွေကို ရှင်းပြ၊ ပြောပြဖို့ ပြင်ဆင်မှုတွေ နဲ့တက်ရောက်ဖို့ အကြံပြုပါတယ်။ ကိုယ်မေးလိုက်တဲ့ မေးခွန်းက သူများတွေ မစဉ်းစားမိသေးတဲ့ ပြသနာကြီးတစ်ခုကို ဖော်ထုတ် ပေးလိုက်နိုင်သလို၊ ကိုယ်ပေးလိုက်တဲ့ နည်းလမ်းလေး တစ်ခုဟာ၊ တစ်ခြား တစ်ရောက်အတွက် အလွန် တန်ဖိုးရှိတာမျိုးဖြစ်နေနိုင်တာမို့၊ Barcamp သမားတွေ ကိုယ်သိတာတွေကို ပေးရင်းနဲ့ ကိုယ်မသိ တာတွေလည်း ယူသွားနိုင်ကြမှာဖြစ်ပါတယ်။

Sharing Buttons by Linksku