Category Archive: Copy Ringt for blog

Blogger အချို့နှင့် Copy

ခုတစ်လော မောင်ဘုန်းတစ်ယောက် အလုပ်တွေရှုပ်ရှက်ကိုခက်နေပါတယ်၊ မနေ့ကမှ အချိန်လေးနည်းနည်း ရလို့ အင်တာမနက်တာလဲကြာပြီဖြစ်လို့ ရုံးကကွန်ပျူတာလေးနဲ့ အင်တာနက်ကိုဝင် ဟိုBlogကြည့်လိုက် ဒီBlog ၀င်ဖတ်လိုက်၊ အချိန်နည်းနည်းရရင် Comment ၀င်ပေးလိုက် Cbox မှာ နှုတ်ဆက်လိုက်နဲ့လုပ်နေတာအချိန် နည်းနည်းကြာလို့ တောင်မှ မြန်မာBlogger များရဲ့ Blog တွေ အကုန်လုံးကို အပြည့်အစုံ မရောက်နိုင်ပါဘူး၊ ဘယ်ရောက်နိုင်မလဲဗျ မြန်မာblog တွေကလဲ တစ်နေ့ထက် တစ်နေ့များများလာလိုက်တာ မရှိဘူးဆိုရင် အနည်းလေး (၂၀၀)လောက်တော့ ရှိမယ်ဗျ၊ ဒီလို မြန်မာBlogger များလာတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ် ဒါတောင် တစ်ချို့ Blogger များက Blog Address ကို ပြောင်းလိုက်သလား မသိပါဘူး 404 not found နဲ့ သွားသွားတိုးနေသေးတယ်ဗျ။ တစ်ခု စိတ်မကောင်းတာကဗျာ တစ်ချို့ Blogတွေမှာ Copyလုပ်ထားတာ လေးတွေ တွေ့ရတယ်ဗျ၊ တစ်ချို့များဆို ခပ်တည်တည်ဘဲ Blogကြီးတစ်ခုလုံးကို Copyကူးထား လိုက်တာ Post တွေ က အစ တစ်သွေမတိမ်းဘဲဗျ၊ ဘယ်သူ့ Blog က အရင်စလုပ်လို့ ဘယ်သူ့ Blog က နောက်မှ လုပ်တာ မှန်းတောင် မသိနိုင်ပါဘူး။ တစ်ချို့ဆိုလဲ သူများ Blogထဲက Bullet လေးတွေ post Title ပုံလေးတွေ နောက်ခံ Background ပုံတွေကို ကူးထားလိုက်တာမှ စုံလို့ပါဘဲဗျာ။ Blogပိုင်ရှင်ဆီက ခွင့်ပြုချက်ရယူပြီးမှ လုပ်တာလား ဒါမှမဟုတ် ခွင့်ပြုချက်မရယူဘဲနဲ့ ပေါ်ပေါ်တင်တင် Copy လုပ်ထားတာလားတော့ မသိပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ၄င်းBlog မှာလဲ ဘယ်လို feed back မျိုးကိုမှ ပေးမထားလို့ပါဘဲ။ ကျနော်တို့ မြန်မာများ Copy နဲ့ပတ်သက်လို့ နိုင်ငံတကာမှာ မျက်နာငယ်ရပေါင်းလဲ မနည်းတော့ပါဘူး၊ ဒါမျိုးကို ကျနော်တို့ မြန်မာBlogger အသိုင်းအ၀ိုင်းမှာ မဖြစ်စေချင်ပါဘူး ဒါကြောင့် မိမိ Blogမှာ လုပ်ချင်တယ်ဆိုလျှင်တောင်မှ အရင် ဦးဆုံး ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ကို ရယူစေချင်ပါတယ်။ ဒါမှမဟုတ် ဘယ်ပုံဘယ်နည်းလုပ်ရတယ်ဆိုတာကို Cbox မှသော် လည်းကောင်း၊ Comment ရေး၍သော်လည်းကောင်း ၄င်းBlogger အားမေးမြန်းနိုင်ပါတယ်၊ တစ်ချို့ သော Blogger များသည် အလုပ်မအား၍သော်လည်းကောင်း၊ Online မတက်ဖြစ်တာကြာလို့ မိမိBlogတွင် မည်သို့ အခြေအနေမျိုးဖြစ်ပေါ်နေသည်ကို လုံးဝမသိနိုင်တော့ပါ ထို့ကြောင့် ပြန်လည်ဖြေကြားခြင်းမရှိလျှင် ကျနော်တို့ ရဲ့ http://myanmarbloggers.forum5.com/index.php ဖိုရမ်ကို ကြွရောက်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။ ၄င်းဖိုရမ်တွင် ၀ါရင့် Blogger များကသော်လည်းကောင်း၊ Coder များကသော်လည်းကောင်း မေးမြန်း ချက်များကို နားလည်တတ်ကျွမ်းသည်အထိ ပြန်လည်ဖြေကြားပေးကြပါလိမ့်မယ်။ ကျနော်အနေနဲ့ကတော့ Blogမှာ Copy လုပ်နေတဲ့ ကိစ္စကို တိုက်ဖျက်ချင်ပါတယ်။ ဒါကြောင့် ကော်ပီကူးထားသော blogများအား URLနှင့်တကွဖော်ပြပြီး မိမိတို့ရဲ့နီးစပ်ရာများကို ၀ိုင်းဝန်းတာမြစ်ပေးကြပါလို့ ပန်ကြားလိုပါတယ်ခင်ဗျာ….
Sharing Buttons by Linksku