Monthly Archives: December 2006

ပလန်းနက်ရယ် ဘယ်လိုဖြစ်

ခုတစ်လော planet website ကြီး ဘယ်လိုဖြစ်တယ် မသိပါဘူး ဗျာ။ ၀င်လိုက်တိုင်း Home page မှာတင် ဇာတ်သိမ်းသွားတယ်။ ဘာဖြစ်တာလဲတော့ ကျနော်လဲမသိဘူး။ ဖိုရမ်တွေ ၀င်ရေးမယ်လို့လုပ်ထားတာ ခုတော့ အ၀မှာတင် တစ်နေတယ်ဗျို့။ ဒီ့ပြင်Site တွေကြည့်တော့လဲ Planet ကိုဘဲ စိတ်ကရောက်နေတော့ဘယ်လိုမှကို Internetကိုအာရုံဝင် စားလို့မရဘူးဖြစ်နေတယ်။ အချိန်အမှန်ဆုံးနဲ့ အကောင်းဆုံးတင်ပေး နိုင်တာကတော့ ကျနော် တို့ရဲ့ elevenmedia group ကြီးဘဲဗျို့ အချိန်ကတော့မှန်သလားမမေးနဲ့၊ ဂျာနယ် တွေကလဲ up to Date ဖြစ်တယ်ဗျာ။ ကျနော် စဉ်းစားမိတာတစ်ခုက ဒီလို Websiteတင်ထားပါလျှက်နဲ့ သူတို့ရဲ့ရောင်းအား ဘယ်လိုနေလဲဆိုတာကိုပါ။ အပတ်စဉ်ရောင်းအားပါ ကောင်းနေတယ်ဆိုရင်တော့ တော်တော်လေးကိုManagement ပိုင်းကောင်းလို့ဖြစ်မှာဘဲနော်။ planet ကတော့ ထူးမခြားနားပါဘဲဗျာ………….

တစ်ကယ်ကိုချတာဗျာ….

ဒီနေ့ ကျနော်တို့ နေရာ တွင် စစ်ဆေးရေး ၀င်ပါတယ်။ သူတို့စကားအခေါ်အဝေါ်အနေနဲ့ ဆိုရင်တော့ အော်ပရာ စီ(Operasi)တယ်လို့ခေါ်ပါတယ်။ မနေ့က မြန်မာတစ်သိုက်နဲ့ အင်ဒိုနီးရှားလူမျိုးတစ်သိုက်တို့ ရန်ဖြစ်တာ အင်ဒိုနီးရှား တစ်ယောက်သေဆုံးသွားတယ်လို့ သတင်းကြားရတယ်။ ဒီမှာက ဒီလိုဖြစ်နေကြဘဲလေ အင်ဒိုနီးရှား တွေက တော်တော်လေးကို စွာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မလေးလူမျိုးနဲ့ စကားတော်တော်များများ တူတယ်၊ မလေးလူမျိုးများကလဲ သူတို့ကို အမျိုးတော်တယ်လို့ သတ်မှတ်ထားတာ အဲဒီတော့ ပစားပေးထား တာပေါ့ အဲဒီတော့ နဂိုကတည်းကမှ ဒီကောင်တွေက စိတ်ကြမ်းလူကြမ်းနဲ့ ပစားလဲအပေးခံရတယ်ဆိုတော့ ထောင်ထောင် ထောင်ထောင်နဲ့နေတာပေါ့…
နေရာတကာလူတွင်ကျယ်လုပ်တော့ ကျနော်တို့ ကိုယ်ရွှေမြန်မာများနဲ့ လုံးဝကို သဟဇာတ မတည့်ဘူးခင်ဗျ၊ အင်း မနေ့ကတော့ ဘယ်အငြိုးနဲ့ဆော်လိုက်တယ် မသိပါဘူး ကိုအင်ဒိုတစ်ယောက်သေဆုံးသွားတယ် သတင်း ကြားတာဘဲ..အဲဒီတော့ ဒီနိုင်ငံရဲ့ထုံးစံအတိုင်း လူသေရင် စစ်ဆေးရေးတွေဝင်ပါပြီဗျာ။(လူမသေသရွေ့၊ သူတို့လူမျိုးမဟုတ်သရွေ့ဒီအတိုင်းကိုကြည့်နေတာဗျာ.)
အော်ပရာစီ(Operasi)တာကလဲ ပတ်စ်ပို့ရှိတဲ့လူ၊ မရှိတဲ့လူကလဲ ရှိသေးတာကိုး ကိုယ့်ရွှေမြန်မာဆိုတာကလဲ ပါမစ်မရှိတဲ့ လူက တစ်ရာမှာသုံးယောက်လောက်က မရှိကြဘူး အဲဒီတော့ အနည်းနဲ့အများ ကိုယ်တွေဘဲ နစ်နာ ကြ ရတာပါဘဲ။ အဲဒီတော့ ဒီနိုင်ငံမှာအလုပ်လုပ်ကြမယ်ဆိုရင် သည်းခံခြင်းတရားကို အမြဲလက်ကိုင်ထားနိုင်မှ တော်ကာကြမယ်ဗျို့…..

ကျနော်မြန်မာပြည်သား…

ကျနော်မြန်မာပြည်သားတစ်ယောက်ပါ..ခုတော့..မလေးရှားနိုင်ငံမှာ.ခေတ္တအလုပ်လာရောက် လုပ်ကိုင် နေပါတယ်…အလုပ်လုပ်နေစဉ်ကာလအတွင်း…ကျနော်ရဲ့ အတွေ့အကြုံလေးတွေကို..နောင် လာရောက် အလုပ်လုပ်ကြမယ့်..သူငယ်ချင်းများ..သိစေချင်လို့..ဒီဘလောက်လေးကို..တင်လိုက်တာပါ…လာရောက် လည်ပတ်သူများ..ကျန်းမာချမ်းသာကြပါစေ…
Sharing Buttons by Linksku