ငါတို့ရဲ့နှလုံးသားမှာ ငါတို့ကို ငါတို့ရဲ့ ငါတို့နေထိုင်တဲ့ လောကရဲ့ တရားသောလက်မြဲဖို့ “သူငယ်ချင်းတစ်ယောက်” အတွက်အမှတ်တရ
ငါတို့ရေးတယ်
ငါတို့ရဲ့အတွေးကို
ငါတို့ရေးတယ်
ငါတို့ရဲ့ ခံစားချက်ကို
ငါတို့ရေးတယ်။
ရာဇ၀င်ကို ပြောင်းပြန်လှန်မယ့်
အတွေးမျိုးမရှိဘူး
အရေးမျိုးမရှိဘူး
ရှေးထုံးလဲ လိုက်နာတယ်
နည်းပညာကိုလဲ ခုံမင်တယ်။
ဘာနဲ့မှတားဆီးလို့မရနိုင်ဘူး
ငါ့တို့ရင်ထဲမှာ
စေတနာဗရပွနဲ့
ဖတ်မိသူတိုင်း
တစ်ခုခုရစေချင်တာ
Bloggerတိုင်းရဲ့နှလုံးသားပါ။
အတွေးနဲ့အရေးကို
ဘယ်လို ခြိမ်းခြောက်မှုနဲ့မှ
ရပ်တန့်လို့မရနိုင်ဘူး
ငါတို့ရဲ့
ရဲရင့်တဲ့ နှလုံးသားတစ်စုံအတွက်
သူကောင်းပြုပေးမယ့်
စာဖတ်သူတွေရှိတယ်ဆိုတာ
မင်းတို့မြဲမြဲမှတ်ထားစေချင်တယ်။
ကောင်းဆိုးမှန်သမျှ
ငါတို့ရေးမယ်။
မတရားတာကိုရေးမယ်
တရားတာကိုရေးမယ်။
ဓမ္မကိုလည်းရေးမယ်
အဓမ္မကိုလည်းရေးမယ်။
ငါတို့ရဲ့ရင်ဘတ်ကိုအသုံးပြု
ရဲရင့်တဲ့လက်တွေက
ပေးဆပ်မှုအတွက်
ဆက်လက်လို့ ရေးသွားဦးမယ်…။
Monthly Archives: January 2008
“Blogger နှလုံးသား´´
တောင်းဆိုပါရစေ…

ရောက်တတ်ရာရာလေးများ(၃၈)
နောက်ထပ် တောင်းပန်ခြင်တာကတော့ မိတ်ဆွေ၊ အပေါင်းအသင်း တို့ရဲ့ ၀တ္တရားကို ကျနော် ပျက်ကွက်ခဲ့မိ ပါတယ်။ ဒါကတော့ ကျနော်ရဲ့ ပေါ့လျော့ပေါ့ဆမှုကြောင့် ဖြစ်ရတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် Online မတက်ဖြစ်တဲ့ အချိန်မှာ blogger သူငယ်ချင်းများ ရဲ့ မွေးနေ့နဲ့အခြားသောအကြောင်းအရာများကို ကျနော်လုံးဝ လုံးဝ မသိလိုက်ရပါဘူး။ တစ်နေ့ကမှ ၄င်းတို့ရဲ့ Blog နဲ့ အခြားသော Blogger သူငယ်ချင်းများရဲ့ Blog တွေကို ၀င်ရောက်ဖတ်ရှုကြည့်ပြီး ကျနော့်ရဲ့ ပျက်ကွက်မှု၊ မိတ်ဆွေကောင်းမပီသမှုအတွက်တော်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ ထို မိတ်ဆွေသူငယ်ချင်းများအားလည်း ဒီပို့စ်နဲ့အတူ အနူးအညွှတ်တောင်းပန်အပ်ပါတယ်။ ၄င်း မိတ်ဆွေသူငယ်ချင်းများကတော့…. ၁။ ကျနော်တို့ `ပန်းသီးငပိချက်´ လို့ နောက်ပြောင်ပြီးခေါ်တဲ့ “မအိမ့်ချမ်းမြေ့” ၂။ သူကိုယ်သူ့ Cutie pinkgold လို့ (ကျနော်တို့ကတော့ `ရွှေပန်း´ လို့ဘဲခေါ်တယ်။ ၃။ နောက်တစ်ဦးကတော့ Blog Time ဂျာနယ်ရဲ့ တာဝန်ခံ၊ အယ်ဒီတာ၊ ပင်တိုင်ဆောင်းပါရှင် သူငယ်ချင်းတို့ရေ…
)
အမြဲပြောပြောနေတဲ့ “မိပင့်ဂိုလ်း”
ခြူသစ်နှင့်အိုအေစစ်ပိုင်ရှင် `Mr. Pooh´ ခေါ် “မောင်ပွတ်စ်” (မြန်မာလိုခေါ်ရတာ ပိုအားရတယ်..:P)
သူငယ်ချင်းတို့ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း (၁၂၀)တိုင် ချစ်သော၊ ခင်သောသူများနှင့်သာ ပေါင်းသင်း ဆက်ဆံကြရပါစေ၊ မိမိအလိုရှိတိုင်းတောင့်တအပ်သော စည်းစိမ်ဥစ္စာ များလည်း ရရှိနိုင်ကြပါစေလို့ ကျနော် ဆုမွန်ကောင်းအား အချိန်အခါနှောင်း၍ တောင်းပေးအပ်ပါတယ်။ ဆုမွန်ကောင်းတောင်းပြီးသကာလ မွေးနေ့မှာ ကျနော် ဘာမှ မစားလိုက်ရပေမယ့်လဲ မိတ်ဆွေတို့ ၀တ္တရားရှိသည့်အတိုင်း လက်ဆောင်ပေးသင့်တယ်လို့ ယူဆ မိသည့် အတွက် တစ်ယောက်ကို တစ်ခုနှုန်းနဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ မလေးရှား ကို ရောက်ရှိခဲ့ရင် ကျနော့် Blog post ထဲက ပုံတွေကို လာရောက်တောင်းယူကြပါ။ အခု လောလော ဆယ်တော့ အွန်လိုင်းပေါ်က နေကြည့်ပြီး သွားရည် ကျသွားကြပါလို့ ထပ်မံ တောင်းပန်အပ်ပါတယ်။ ဟတ် ဟတ်…..ကျနော် အချိန်မရတော့လို့ လက်ဆောင်တွေ လိုက်မ၀ယ်နိုင်တော့ဘူး “မညလေး” ကိုယ်တိုင်ထုပ်ထားတဲ့ လက်ဆောင်ပန်းခြင်းကို သုံးယောက်ခွဲယူလိုက်တော့ဗျာ..အပေါ်ဆုံးပုလင်းကတော့သုံးယောက်စလုံး သောက်လို့ ရပါတယ်၊ Fleur De Imperial လို့ အမည်ရတဲ့ ၀ိုင် ပုလင်းဖြစ်ပါတယ်။ Chocolate တွေရော၊ အခြား သစ်သီးခြောက်တွေရော စုပေါင်းထည့်ပြီး ထုပ်ပိုးထားတာပါ မလေးရှားကို သုံးယောက်လုံး တစ်ပြိုင်တည်း ရောက်တဲ့ အချိန်မှာ အညီအမျှ ခွဲဝေပေးပါ့မယ်။ ဟတ် ဟတ် ဟတ်…

“Gmail Group´´
အစပျိုးနေတာနဲ့ပဲ ပို့စ်က တော်တော်လေး ရှည်သွားပြီ။ ပို့စ်ရေးဖို့ အခွင့်လေးသာတုန်း ရေးလိုက်ဦးမှ။ ကျနော် တို့ရဲ့ အသုံးအ၀င်ဆုံးသော Gmail မှာ နောက်ထပ် အသစ်ပေါ်လာတဲ့ Feature လေးကို ဖော်ပြချင်လို့ပါ။ တစ်ခါတစ်လေမှာ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများထံသို့ မေးလ်တစ်စောင်ကို(အကြောင်း အရာတစ်ခုတည်းကို) တစ်ပြိုင်နက်တည်း ပို့ချင်တယ်ဆိုပါတော့ဗျာ။ Gmail ရဲ့ Compose မှာ မိတ်ဆွေ အပေါင်းအသင်းများ ရဲ့ Mail Address ကို တစ်ခုချင်းစီ လိုက်ထည့်နေစရာမလိုဘဲ Groups လေး တစ်ခု လုပ်ထားလိုက်တာနဲ့တင် အဆင်ပြေလွယ်ကူစွာ ပို့ပေးနိုင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ မည်သို့ မည်ပုံ လုပ်ဆောင်နိုင်တယ်ဆိုတာကို ကျနော် ပုံများနဲ့တကွ သေသေချာချာ ရှင်းပြထားပါတယ်။ (ကရိယာများကို ပုံတွင် ပြထားသည့် အတိုင်း တပ်ဆင်ပါလို့တော့ လိုက်မဆိုကြနဲ့နော်…ဟတ် ဟတ် ဟတ်)
ပုံမှာ ဖော်ပြထားတဲ့ အတိုင်း အဆင့်ဆင့် လုပ်ဆောင်ပြီးပြီ ဆိုတာနဲ့ Mail တစ်စောင်တည်းကို မိမိတို့ရဲ့ အပေါင်းအသင်းမိတ်ဆွေများထံသို့ တစ်ကြိမ်တည်း တပြိုင်နက်ထဲ ပို့နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။ Gmail ရဲ့ Compose ထဲမှ To ဆိုတဲ့ နေရာမှာ မိမိ ပေးထားခဲ့တဲ့ Group name ကို ရိုက်ထည့်လိုက်ရုံနဲ့ Group ထဲမှာ ပါဝင်တဲ့ Mail address များကို Gmail မှ အလိုအလျှောက် ဖြည့်စွက် ပေးသွားပါလိမ့်မယ် ခင်ဗျာ။ အပေါင်း အသင်းတွေရဲ့ Mail address တွေကို တစ်ခုချင်း လိုက်ထည့်နေစရာ မလိုတော့ဘူးပေါ့။
“ရပြန်ပြီတဲ့ နာမည်ကောင်း´´








