ခရီးတစ်ခု သွားမယ်ဆိုကတည်းက ပြင်ရ ဆင်ရ တဲ့ ဒုက္ခက တော်တော် ကရိကထ များတာဘဲ။ ဒါတောင် နေ့ချင်းပြန်ခရီးမို့လို့သာ တော်တော့တယ်။ နှစ်ည သုံးညသာ အိပ်ပြီး ခရီးသွားရမယ် ဆိုရင်တော့ တစ်ညလုံး မအိပ်ရဘဲနဲ့ ပစ္စည်းတွေများ ထုပ်ပိုးနေရမလား မသိဘူး။ ဒါတောင် အစက ဘလော့ခ်ဂါ မမ ကို မလိုက်ဘူးလို့ ငြင်းထားတာ။ သွားချင်ရင် ကိုယ့်ဘာသာကိုယ်သွားလို့၊ နားတဲ့ရက်(၂)ရက်စလုံး အိမ်မှာဘဲ အိပ်မယ်လို့ ပြောထားတာဗျ။ သွားတော့မယ့် ရက် နီးလာကာမှ သူနဲ့အတူလိုက်မယ့် သူငယ်ချင်းက နေမကောင်းလို့ မလိုက်တော့ဘူး ဆိုတာနဲ့ အဖော်မရှိမှာစိုးလို့ မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာရတာ။ စုရပ်မှာ ချိန်းထားတာက မနက် 63း0၊ ညကလည်း ယူသွားမယ့် ပစ္စည်းမကျန်ရအောင် ဟိုဟာယူ၊ ဒီဟာထည့် နဲ့ဆိုတော့ တော်တော် ညဥ့်နက်မှ အိပ်ဖြစ်တယ်၊ ပြီးတော့ မနက်ကို ငါးနာရီလောက်ထပြီး ပြင်ဆင်ရတာဆိုတော့ လူက ကားပေါ်ရောက်တာနဲ့ တော်တော် အိပ်ချင်နေပြီ။ ငှားလာတဲ့ ကားကလည်း ကိုကုလား မောင်းတဲ့ကား၊ ဖွင့်လာတာကလည်း ကုလားသီချင်းတွေချည်းဘဲ၊ ဘာတွေ ဆိုနေမှန်း မသိပေမယ့် အကတွေကတော့ တော်တော် ကောင်းတာဘဲဗျ၊ ကုလားမ လေးတွေ ဗိုက်လေးတွေ လှုပ်လှုပ်ပြီး ကလိုက်တာ ဆိုတာများ မျက်စိထဲကကို မထွက်ဘူး :p။ သွားရင်းသွားရင်း တော်တော်လေးကြာတော့ အလုပ်လုပ်ဖော် သူငယ်ချင်း တစ်ယောက်မှာ “၀ိုင်ဝိုင်းရဲ့ လက်ရွေးစင်´´ခွေပါလာတာတွေလို့ ဖွင့်ခိုင်းတော့မှ ကုလား အဆိုတော်များရဲ့ နားငြီးစေတဲ့ အဆိုပိုင်နိုင်မှုအောက်က လွတ်တော့တယ်။ ဒါတောင်မှ “၀ိုင်ဝိုင်း´´ ရဲ့ “အချစ်ငှက်´´ သီချင်းကိုဖွင့်ထားတာဆိုတော့ “အဝေးဆုံးက အကြင်နာဆုံးရေ´´ လို့ သီချင်း အလိုက်လေးကိုညဉ်းမိပါတယ် ဘေးနားက ဘလော့ခ်ဂါ မမ ရဲ့ မျက်စောင်းထိုးတာကို ခံရသေးတယ်။ဒီကားကြီးနဲ့သွားတာပေါ့ Sekolah ဆိုတာက School ကိုပြောတာဗျ။ ကျောင်းကားကြီးပေါ့ဗျာ….
ဒါကတော့ port dickson ကိုအသွား လမ်းကြုံလို့ ၀င်တဲ့ ရေတံခွန်ရှိတယ်ဆိုတဲ့နေရာ……
ဒါမျိုး တဲလေးတွေ ကမ်းခြေတစ်လျှောက်မှာ ငှားလို့ရတယ်ဗျ၊ နေပူတာ သက်သာတာပေါ့…..
ဒါကတော့ အဖွဲ့လိုက်ပုံပေါ့ ဘလော့ခ်ဂါ မမ ရိုက်ပေးတာလေ…..
ဒါကြီးလဲ စီးခဲ့သေးတယ်ဗျ၊ သူက ကမ်းစပ်နားရောက်ခါနီးရင် ပြောင်းပြန်လှန်ပြီး မှောက်ပြစ်လိုက်တာ…..
အမှတ်တရပစ္စည်းအရောင်းဆိုင်တွေပေါ့၊ မြန်မာပြည်နဲ့ သိပ်မကွာဘူးနော်……


