Monthly Archives: August 2008

လွယ်ကူလေ့လာ Web Design ပညာ(၁)

ကဲ လာပါပြီဗျာ၊ လာပြီဆိုလို့ ထွက်မပြေးသွားကြနဲ့ဦးဗျ၊ အဟိ မိုးပေါ်ထောင်ပစ်လိုက်တာပါ ရေချိုးမလို့လဲ မဟုတ်ပါဘူး :P ။ အခုတစ်လော အလုပ်တွေကို တစ်ခုပြီး တစ်ခုလိုက်ရှာနေရလွန်းလို့ တစ်နေ့မှကို အားချိန် မရပါဘူးဗျာ။ အလုပ်တွေသာ တစ်ခုပြီးတစ်ခု လိုက်ရှာနေရတာ။ ကျနော်က လိုက် သူတို့က ပြေးနဲ့ မောလိုက်တာ ဗျာ။ ပြောကို မပြောချင်တော့ပါဘူး။

ထားလိုက်ပါတော့ ကိုယ့်အကြောင်းကို ဘလော့ခ်ပေါ်မှာ သက်သာလို သက်သာငြား ရင်ဖွင့်မိပါတယ်ဗျာ ဝေဖန်ရေး ဆရာတွေရဲ့ လက်စ လက်န ကိုလည်း ကြောက်ရသေးသဗျ။ မဖြစ်သေးပါဘူး တင်ထားတဲ့ ခေါင်းစဉ်လေး ဆက်ဦးမှ ရောက်တတ်ရာရာလည်း တတ်လွန်းလို့တော့ မဟုတ်ပါဘူး အနှစ်နှစ် အလလ က တွေ့ကြုံ ခဲ့ရတဲ့ အတွေ့အကြုံတွေ ကို တင်ချင်တာ အဓိကဖြစ်တာရယ်။ ကိုယ့်ဘလော့ခ်ကို လာဖတ်တဲ့ စာဖတ်သူများ အကျိုး တစ်စုံ တစ်ခု ရသွား စေချင်တာရယ်ကြောင့် ဒီပို့စ်ကို ရေးခြင်းဖြစ်ပါတယ်။

Web နှင့်ပတ်သက်သည့် သမိုင်းအကျဉ်း
၁၉၈၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရှိတဲ့ ခပ်ငယ်ငယ် ရူပဗေဒ ဓါတ်ခွဲခန်းဌာန (CERN) တစ်ခုမှ web ကို မွေးဖွားပေးလိုက်ခြင်းဖြစ်ပါတယ်။ ကွန်ရက်ကြီးတစ်ခု ပေါ်တွင် document များကို သက်ဆိုင်ရာ ချိတ်ဆက်မှု Link များနှင့် အတူ “Hypertext” Process ကို အသုံးပြု၍ information management system တစ်ခုကို ကွန်ပျူတာ သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ Tim Berners-lee က ပထမဦးဆုံး ဆွေးနွေးတင်ပြခဲ့ပါတယ်။ ၄င်းနှင့် အတူ Robert Cailliau ကလည်း web ၏ မူလပုံကြမ်းကို အကောင်အထည်ဖော်ကာ တင်ပြပေးခဲ့ပါတယ်။ အများ၏လက်ခံဆောင်ရွက်မှုနှင့် အတူ ဖြစ်ပေါ်လာသော web ၏အစပိုင်း မှသည် နှစ်အတော်ကြာသည်အထိ web page များမှာ text ဖြင့်သာ ဖန်တီးခဲ့ကြပါတယ်။ ၁၉၉၂ နောက်ပိုင်းတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရေတွက်မယ် ဆိုရင်တော့ web server ၅၀ ခန့်သာ ရှိခဲ့ပါတယ်။ web အရှိန်အ၀ါ ကြီးထွားလာမှုသည်လည်း ၁၉၉၂ ခုနှစ် နောက်ပိုင်းမှ စတင်ခဲ့တယ်လို့ သိရှိရပါတယ်။ အကြောင်းရင်းကတော့ ၄င်း ခုနှစ်တွင်ပင် ပထမဦး ဆုံး Graphical browser (NCSA Mosaic) ကို စတင် မိတ်ဆက်လာခဲ့သောကြောင့်ဖြစ်သည်။ ထိုအချိန်မှ စ၍ သုတေသန လုပ်ငန်း အသိုင်းအ၀ိုင်းမှ ပြင်ပသို့ ထုထည်ကြီးမားစွာ ဆက်သွယ်မှုများ ရှိလာစေနိုင်သော Mass media အဖြစ်သို့ ရောက်ရှိသွားခဲ့ပါတော့တယ်။ web ဖွံ့ဖြိုးတိုးတက်မှု ကိစ္စ အ၀၀ ကို Massachusetts Institute of Technology (MIT) ရှိ အပျော်တမ်း ဆောင်ရွက်သော အဖွဲ့အစည်း တစ်ခုမှ World Wide Web Consortium (W3C) အမည်ဖြင့် ဆောင်းရွက်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီမှာ ထပ်မံလေ့လာလို့ ရပါတယ်။

ဆက်ရန်……………………………

BlogDay Announcment: A new platform from BlogDay creators

A borderless newsroom powered by the global

iamnews will connect you with reporters from around the world to collaborate in the creation of news. iamnews is a global open newsroom powered by you. With iamnews anyone can assign news tasks. Everyone can participate.

blogsphere

post from here

Are you a blogger? Are you ready to be part of something big? Do you want to leave a mark on the face of the earth? CELEBRATE THE 4th BlogDay ON AUGUS

What is BlogDay?

BlogDay was created with the belief that bloggers should have one day dedicated to getting to know other bloggers from other countries and areas of interest. On that day Bloggers will recommend other blogs to their blog visitors.
With the goal in mind, on this day every blogger will post a recommendation of 5 new blogs. This way, all blog readers will find themselves leaping around and discovering new, previously unknown blogs.

What will happen on BlogDay?

one long moment on August 31st, bloggers from all over the world will post recommendations of 5 new Blogs, preferably Blogs that are different from their own culture, point of view and attitude. On this day, blog readers will find themselves leaping around and discovering new, unknown Blogs, celebrating the discovery of new people and new bloggers.

BlogDay posting instructions:

  1. Find 5 new Blogs that you find interesting
  2. Notify the 5 bloggers that you are recommending them as part of BlogDay 2008
  3. Write a short description of the Blogs and place a link to the recommended Blogs
  4. Post the BlogDay Post (on August 31st) and
  5. Add the BlogDay tag using this link:
    http://technorati.com/tag/BlogDay2008 and a link to the BlogDay web site at
  6. http://www.blogday.org

Celebrate!

post from here

စလုံးရေ…စ

စလုံးဆိုတာ ဘာကြီးလဲ လို့ အထူးအဆန်းဖြစ်ပြီးလာကြည့်တာ စလုံးရေတော့ စလိုက်ပါပြီဗျာ။ ဘာမှလဲ မထူးဆန်းဘူး အိမ်လခဏတွေ သောက်သောက်လဲ ဈေးကြီးတာပဲ သိတယ်။ ဟိုဒီနေရာလေးများ မသွားလိုက်နဲ့ MRT ခ ကလည်း သိကြားဖင် တက်ဆောင့်နိုင်တဲ့ဈေးနဲ့။ ဒါနဲ့တောင် ကိုရွှေမြန်မာများ လာလိုက်ကြတာ ဆိုတာ တို့ရွှေနိုင်ငံတော်ကြီးက ပိုချမ်းသာလို့ဖြစ်မှာပဲ။ singaporeen ခင်ဗျားတို့ ချမ်းသာတယ် ဆိုတာ တို့ရွှေမြန်မာ ဟိုသီချင်း အညီး မပျက်ဘူး (ပျင်းသေတယ် ပျင်းသေးတယ် ပျင်းတောင်ပျင်းသေးတယ် :P )၊ ခင်ဗျားတို့ ဆီကို ကျုပ်တို့ မြန်မာတွေ အခေါက်ခေါက် အခါခါ လာလို့ရတယ်၊ ခင်ဗျားတို့ ဆီကနေမှ တစ်ဆင့် ဟိုး အနောက်ကမ္ဘာ ကိုတောင်မှ ထွက်သွားလိုက်သေးတယ်။ ခင်ဗျားတို့ ကျုပ်တို့ဆီကို အဲဒီ့လို အကြိမ်ကြိမ်အခါခါ လာလို့ရလို့လား။ ကျုပ်တော့ မထင်ပေါင်ဗျာ ခင်ဗျားတို့တွေ ကျုပ်တို့နိုင်ငံဝင်ဖို့ ဗီဇာလျှောက်ရတာနဲ့တင် လက်လန်သွားမယ် ဘာမှတ်တုန်း ဟတ် ဟတ်။

ဟိုဒီနေရာ သွားချင်လို့ သူငယ်ချင်းတွေ အားကိုးလို့လဲ မရပါဘူးဗျာ။ သူတို့ အလုပ်တွေနဲ့ သူတို့ ရှုပ်နေတာ ကိုယ်လဲ အကူအညီတောင်းရမှာ အားနာတာနဲ့ Public Transport Map လေးကို S$ 6 ကျပ်နဲ့ ၀ယ်လိုက်ပြီး။ မြေပုံကို အဖော်ပြုလို့ ဟိုဒီလျှောက်နေလိုက်တယ်။ ဟိုတစ်နေ့ကတော့ ကိုဇင်ကိုလတ် တို့နဲ့တွေ့လို့ ဒူးရင်းသီး သွားပြီး လေပန်းလိုက်သေးတယ်ဗျ။ အလုပ်ကတော့ ဘယ်ဆီနေမှန်း မသိသေးပါဘူး။ အွန်းလိုင်း အလုပ်တွေ တော့ ဖတ်ဖတ်မောအောင် လိုက်လျှောက်ထားတာပဲ၊ အိမ်မှာနေပြီး Laptop တစ်လုံးနဲ့ အချိန်ပြည့်အွန်လိုင်းမှာ ရှိနေမှာတော့ အမှန်ပဲ။ ငါးသေတ္တာ သုံးဘူး၊ ကြက်အူချောင်း သုံးထုပ်၊ ကြက်ဥဆယ်လုံး၊ နွားနို့ တစ်ဘူးကို အဖော် လုပ်လို့ ဒီရက်ပိုင်းအတွင်း အိမ်ကပ်လို့ နေလိုက်ဦးမယ်။ အွန်လိုင်းပေါ် အမြဲလိုလိုသာ ရောက်နေတယ် Blogger ရဲ့ Dashboard Style ပြောင်းသွားတာတောင် မသိလိုက်ဘူး။ ဟိုဒီသွားရင်း ဖုန်းကင်မရလေးနဲ့ လက်တည့် စမ်းလာတာလေးတွေကို တင်ပေးလိုက်တယ်ဗျ။ ပုံတွေက သိပ်တော့ ကောင်းမှာ မဟုတ်ဘူး သည်းခံပြီးသာ ကြည့်ကြတော့ဗျာ။ ကျနော်ရောက်ရောက်ချင်း လာကြိုပေးတဲ့အပြင် အိမ်ငှားနေရာချထားပေးတဲ့ ကိုဝေယံလင်း၊ ဇေယျာလင်း၊ ပင်နီဆူလာ ပလာဇာမှာ လာတွေ့ပြီး ထမင်းကျွေးတဲ့ ကိုဇင်ကိုလတ်နဲ့ မမီ၊ ရောက်ပြီး သုံးရက်အကြာမှာ ညစာ ခေါ်ကျွေးတဲ့ ကဒေါင်းညင်သာ တို့အား ကျေးဇူး တင်ရှိပါတယ်။ တိုလီမုတ်စ တစ်ကောင်ကိုတော့ အခုထိ မတွေ့သေးပါဘူး တစ်ရက်နှစ်ရက်နေလို့မှ မတွေ့ရင်တော့ ကျနော်ရဲစခန်း တိုင်ရလိမ့်မယ် ထင်ပါတယ် လူပျောက်မှုနဲ့ :Pကိုသန့်ဇင်အောင် နဲ့ကတော့ တွေ့ဖို့ ဆုံဖို့ ချိန်းတုန်း ရှိပါသေးတယ်။ အခြားကျန်တဲ့သူများနဲ့ တွေ့ဆုံဖို့အတွက်ကတော့ စနေ၊ တနင်္ဂနွေအထိ စောင့်လိုက်ဦးမယ်ဗျာ။

(ဒါက Henderson Waves တံတားပေါ်က ရိုက်ထားတဲ့ပုံ)

(ဒါက ဒူးရင်းသီးပေါ်ကနေ (Esplanade) ရိုက်ထားတာ)

(ဘယ်သူလဲ သိဘူး…:P)

(သိကြလား အဲဒီ့ နှစ်ယောက်ကို အကျော်အမော် တွေပဲလေ Blog ကိုပြောတာနော်၊)

(ဒါကတော့ eunos မှာ ရှိတဲ့ ဘုန်းကြီးကျောင်း ဘုရားခန်း)

(ဒါကတော့ ကျနော်တိုနဲ့ Blogger Dashboard ပြောင်းသွားတဲ့ပုံ)

ရောက်တတ်ရာရာရဲ့ စင်္ကာပူ ခရီး

မလေးမှာ အခြေအနေ မကောင်းလို့ စလုံးကို ရောက်နေတယ်။ စလုံးရောက်ရောက်ချင်း ဆောက်နဲ့ အထွင်းခံ ရတာကတော့ အိမ်လခပါပဲ။ ဟိုလူ ဒီလူနဲ့လဲ ကပ်နေလို့ ရတာမှ မဟုတ်တာ။ သူတို့တွေကလည်း သူတို့ အကြောင်းနဲ့ သူတို့ချည်းပဲလေ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ပါလာတဲ့ ပိုက်ပိုက်လေးကို ခြစ်ကုတ် စစ်ထုတ် ပြီး၊ မဖြစ်ညစ်ကျယ် အခန်းကို ဖျစ်ဖျစ်မည်အောင် ငှားလိုက်ရတယ်၊ တစ်ကယ်ပါ စလုံးက စားရိတ်လောက်နဲ့မလေးမှာ ဆိုရင် အိမ်တစ်လုံးလုံးကို ပါးရိုက်ပြီး ငှားလို့ရတယ်၊ အခုတော့ဗျာ ဘုရားစူး မိုးကြိုးပစ် နေစရာပါ၊ တစ်ခန်းမှာ သုံးယောက်နေရတယ်။ ဒါတောင်အရင်ရောက်တဲ့ လူတွေက ပြောကြသေး တယ် ဒီထက်ဆိုးတဲ့နေရာတွေ ရှိသေးတယ်တဲ့၊ နှစ်ထပ်ကုတင်နဲ့ အိပ်ရတာတဲ့ တစ်ခန်းတည်းကို ခြောက်ယောက်လောက် ထည့်ထားတာတဲ့ဗျ။ ကျနော် ဘယ်လောက်ပေးရတယ်ထင်တုန်း စလုံး ၃၀၀ဗျ၊ စလုံးငွေက ဗမာငွေနဲ့ဆို ရှစ်ရာကျော်ကျော်မှာ ရှိတယ် အမလေး အဘလေး မတယုံတစ်မယ်ပါပဲ။ အင်တာနက် သုံးလို့ ရတယ်၊ ရေစုံ၊မီးစုံ။ ဒါပေမယ့် အိမ်ရှင်ရဲ့ စည်းကမ်း ဥပဒေသတွေက များပြား လိုက်တာ ဆိုတာ..အိမ်သာတက် မျက်နှာတည့်တည့်မှာ စည်းမျဉ်းစည်းကမ်း တွေကို E လို ရော ဗမာလိုရော ရေးထားတယ်။ စည်းမျဉ်းဖတ်ပြီး တက်ရတဲ့ အိမ်သာ ဆိုတော့ အင်း…. တစ်မျိုးကောင်းပါတယ်လေ။ ထမင်းစား လဲ ထိုနည်းလည်းကောင်း၊ ကိုယ့်အခန်းနဲ့ကိုနေတာတောင်မှ အိမ်ထဲမှာ ဆေးလိပ် မသောက်ရဘူးတဲ့ ရောက်တတ်ရာရာက ဆေးလိပ် ဂျိုး ဆိုတော့ သွားပြီပေါ့။ ညည ဘက်ဆိုရင်လဲ မအိပ်နိုင်ပါဘူးဗျာ… အွန်လိုင်းက တွေ့တဲ့ အလုပ်တွေ လိုက်လျှောက် နေရတာဆိုတော့ နေ့အိပ်၊ ည အလုပ်လုပ်ဖြစ်နေတယ်။ အခုလောလောဆယ် အထိတော့ အလုပ်မရသေးဘူးဗျ။ အလုပ်ရရင်တော့ ဘယ်လို နေဦးမလဲ မသိသေးဘူး။ အလုပ်က မရလို့ မဖြစ်ဘူး နေစားရိတ်က အရမ်းကြီးတာကိုး။ အခုတော့ ဖုန်းကင်မရာလေးနဲ့ လက်တည့် စမ်းထားတာလေးတွေ တင်ပေးလိုက်တယ်။ နောက်များမှ တော်တော်လည်သွားရင် ဒီထက်ကောင်းတာလေး တွေလာမယ်နော်..စိတ်ချ။

Sharing Buttons by Linksku