တစ်လော လေးကလည်း ၀မ်းရောဂါ ကို မြန်မာပြည်မှာ ရှိတဲ့ မြို့နယ် (၃) မြို့နယ်လောက် အပြင်းအထန် ခံစား လိုက်ရတယ်။ State media တွေကတော့ တရားဝင် မကြေငြာပါဘူး။ ဒါကလည်း ထုံးစံလို ဖြစ်နေပါပြီ။ ရန်ကုန်မြို့က သာကေတမြို့နယ် နဲ့ ဒေါပုံ မြို့နယ်။ ပခုက္ကူ တို့မှာ ကာလ ၀မ်းရောဂါကို တော်တော်လေး ခံလိုက်ရတယ်။ အသေအပျောက်တောင် ရှိတယ်လို့ ကြားတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာတော့ သေသေချာ ချာ စစ်တမ်း မကောက်လိုက်ကြရလို့ မသိလိုက်ကြဘူး ကျနော့် အထင်တော့ အနည်းဆုံး ဆယ်ဂဏန်းရှိမယ်။
အခုလဲ အပူဒဏ်ကို ခံစားနေကြရပါပြီ။ ကြီး/ငယ် မဟူ ပေါ့ဗျာ အပူရှပ် မယ်နော်
။ အဲဒီတော့ဗျာ သတင်းစာတွေမှာ ရောဂါ ကာကွယ်ရေး နိုးဆော်ချက် တွေနဲ့ အပူဒဏ် ကာကွယ်ရေး နိုးဆော်ချက်တွေ ပါတယ်။ သေသေချာချာ လိုက်နာသင့်တယ်လို့ ထင်တယ်။ လူ့ အသက်တစ်ချောင်းက အရေးကြီးတယ် မဟုတ်လားဗျ။


