Monthly Archives: May 2009

အပြောင်းအလဲများနှင့် အမိမြေ

လူတစ်ယောက်၏ ဘ၀ဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ သမိုင်းဖြစ်စေ၊ နိုင်ငံ တစ်နိုင်ငံ၏ တိုးတက်မှု များဖြစ်စေ၊ အပြောင်းအလဲများနှင့် မကင်းနိုင်ကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ အပြောင်းအလဲ များသည် ပန်းခင်းသောလမ်း များ ဖြစ်ကောင်းဖြစ်မည်။ ဆူးကြမ်းများနှင့် ပြည့်နှက်သော လမ်းများ အဖြစ်လည်း ပြောင်းလဲ သွားနိုင်ပေသည်။ စမ်းချောင်း ရေ စီးဆင်းသလို မငြင်သာပဲ၊ တောင်ပြိုသလို ၀ုန်းဒိုင်းလည်း ကြဲသွားနိုင်ပေသည်။ ဒီထက်ပိုမို တိုးတက် ပြောင်းလဲ သွားနိုင်သလို၊ ပိုမို နိမ့်ပါးသော ခြောက်ကမ်းပါးကိုလည်း ခုန်ဆင်းသွား နိုင်ပေသည်။ ဘာပဲ ပြောပြော 2010 ကိုတော့ ကျနော်တို့ စောင့်ကြည့်ရပေဦးတော့မည်……။

Sharing Buttons by Linksku