Monthly Archives: December 2009

I wish you to merry christmas !!!!!


…I wish you to merry christmas…

Image Hosted by ImageShack.us

အခုတစ်လော ဘလော့ခ်လဲ မရေးချင်ဘူး။ ဖတ်တဲ့ Reader တွေကိုလဲ အားနာမိတယ်။ လောလော ဆယ်တော့ ခရစ်စမတ် wish လေးသာ ယူထားကြပါဦးခင်ဗျာ။ ပို့စ်တွေ နောက်ထပ် ရေးပါဦးမယ်။ လာရောက် လည်ပတ်သူ အားလုံး ခရစ်စမတ် အားလပ်ရပ် အခါသမယမှာ ပျော်ရွင်ကြည်နူးချမ်းမြေ့ကြပါစေ….။

Barcamp Yangon သတင်းမီဒီယာ ရှင်းလင်းပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး


…Barcamp Yangon သတင်းမီဒီယာ ရှင်းလင်းပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး…


Barcamp Yangon နဲ့ ပတ်သတ်လို့ စာနယ်ဇင်းများသို့ ရှင်းလင်းပွဲကို ဒီနေ့ (10-Dec-2009) ကြာသပတေးနေ့ မနက် ၁၀ နာရီမှာ တာမွေအဝိုင်းထိပ်မှာရှိတဲ့ Moon Bakery မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို 7 Days၊ Internet၊ Myanmar Post၊ ပြည်မြန်မာ၊ အလင်းတန်း၊ ရန်ကုန်တိုင်းမ်၊ မြန်မာတိုင်းမ်၊ Time to Time၊ Knowledge Bridge၊  Flower News၊ PC Magazine စတဲ့ သတင်းမီဒီယာများမှ လာရောက်သတင်းယူ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။
ဒီရှင်းလင်းပွဲမှာ ကိုဇော်ဇော်မျိုးလွင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး Public Relation Team မှ မထိုက်ထိုက်အောင်က Barcamp များ ဖြစ်ပေါ်လာပုံ၊ Barcamp များရဲ့ သဘောသဘာဝများကို Website များကို ကိုးကားပြီး ရှင်းလင်းပြသခဲ့ပါတယ်။ ကိုဇေသီဟမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ Barcamp များကို ထောက်ပံ့ပေးခြင်းဖြင့် Barcamp လာရောက်သူ ပရိသတ်များနဲ့ လုပ်ငန်းရှင်များ စသည်ဖြင့် နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်၊ ပညာရှင်၊ ဝါသနာရှင်လူငယ်များအားလုံးကို ဘယ်လို အကျိုးဖြစ်ထွန်းစေနိုင်သလဲ ဆိုတာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကိုသက်ထူး(မျက်လုံး) မှ Barcamp Yangon မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး။ လိုအပ်တဲ့ ဖြည့်စွက်ချက် အချို့ကို ကျနော်(ကျော်ဇေယျ)မှ ဖြည့်စွက် ရှင်းလင်းခဲ့ပြီး စာနယ်ဇင်းများမှ သိလိုတဲ့ အချက်များကိုတော့ ကျွန်တော်တို့ အဖွဲ့သားအားလုံးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရှင်းလင်းပွဲ ကျင်းပ နေတဲ့အချိန်မှာပဲ Facbook နှင့် Twitter (www.twitter.com/barcampyangon) များမှာလည်း Live update များ တင်ဆက်ပေးခဲ့ပါတယ်။
Image Hosted by ImageShack.us
Barcamp ကို Barcamp Bangkok, Barcamp KL စသည်ဖြင့် ကျင်းပတဲ့ မြို့အမည်နဲ့ တွဲပြီး မှတ်တမ်းတင်လေ့ရှိပါတယ်။ အာရှနိုင်ငံများအနေနဲ့ ပြောရရင် Singapore, Malaysia, Kazakhtan, Thailand, India, Vietnam နိုင်ငံတို့မှာရှိတဲ့ မြို့အသီးသီးမှာ Barcamp တစ်ကြိမ်ထက်မနည်း ကျင်းပပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ India ဆိုရင် သူ့ရဲ့ မြို့ အသီးသီးမှာ Barcamp ၂၇ ကြိမ်လောက် ပြုလုပ်ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။
အခြားသော Africa နိုင်ငံများ၊ Arab နိုင်ငံများ၊ America နိုင်ငံများ၊ Europe နိုင်ငံများမှာရှိတဲ့ မြို့အသီးသီးမှာလည်း Barcamp များ အကြိမ်များစွာ ပြုလုပ်ကျင်းပ နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်ပြီး ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတွေ၊ မြို့တွေလည်း အများအပြား ရှိပါတယ်။
Barcamp Yangon ပွဲကို ၂၀၁၀ ဇန်နဝါရီလ ၂၃၊ ၂၄ ရက်နေ့များတွင် Myanmar Info-Tech တွင် ကျင်းပသွားမှာဖြစ်ပြီး ၎င်းပွဲဖြစ်မြောက်ရေးအတွက် MCPA မှ ဦးဆောင်ပြီး Freelance လူငယ် အိုင်တီသမားများနှင့် ပူးပေါင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထပ်မံ၍ ပူးပေါင်းပါဝင်လိုတဲ့ အိုင်တီသမားများ၊ Volunteer များကိုလည်း ဖိတ်ခေါ်ပါတယ်။


 

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ Barcamp Yangon ဟာ ပထမဆုံး အကြိမ် ကျင်းပမယ့် Barcamp တစ်ခုဖြစ်ပါတယ်။ Barcamp Yangon မှာ နယ်ပယ်အသီးသီးမှာ ရှိတဲ့ လုပ်ငန်းရှင်၊ ပညာရှင်၊ ဝါသနာရှင်များကို စုစည်းပြီး ကိုယ့်ရဲ့ အတွေ့အကြုံ၊ နည်းပညာ၊ ဗဟုသုတ၊ အကြံဉာဏ်တွေကို ဖော်ထုတ်စုစည်းနိုင်ဖို့၊ လက်တွေ့ အကောင်အထည် ဖော်ကြဖို့အတွက် Open Environment တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ Barcamp Yangon မှာ ကျွန်တော်တို့ရဲ့ အသိဉာဏ်ဗဟုသုတတွေကို လွတ်လပ်ပွင့်လင်းစွာ ဖလှယ်ကြဖို့၊ ပြန့်ကျဲနေတဲ့ Idea တွေကို ဝါသနာတူ၊ စိတ်တူ၊ ကိုယ်တူသူများနဲ့ စုစည်း အကောင်အထည်ဖော်နိုင်ကြဖို့ အဓိက ရည်ရွယ် ကျင်းပသွားမှာပါ။ Barcamp Yangon မှာ ဘယ်နယ်ပယ်၊ ဘယ်ဘာသာရပ်တွေကို အဓိက ဆွေးနွေးကြမယ်ဆိုတာ တက်ရောက်တဲ့ပရိသတ်များက ဆုံးဖြတ်ကြပါလိမ့်မယ်။ ကျွန်တော်တို့က ပရိသတ်ကို အချိန်၊ နေရာ၊ စသည်ဖြင့် organize လုပ်ပေးတာပဲ ဖြစ်ပါတယ်။ ဘာသာရပ်မျိုးစုံမှာ အားလုံးရဲ့ ပူးပေါင်း ညှိနှိုင်းဆွေးနွေးမှု၊ သရုပ်ပြမှု၊ အပြန်အလှန်ထိတွေ့မှုကနေ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ယူဆပါတယ်။
Image Hosted by ImageShack.us

Barcamp Yangon အတွက် Logo ပြိုင်ပွဲလေးတစ်ခုကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပြီး အရွေးချယ်ခံရတဲ့ ဒီဇိုင်းဆုအတွက် ငွေသားထက် အမှတ်တရ လက်ဆောင် တစ်ခု ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် Logo ကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး Web Development Team မှ ကိုထူးတေဇာ tayzar44@gmail.com ထံကို ပေးပို့သွားရမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ Barcamp တွေရဲ့ Logo တွေကို http://barcamp.org/LogoGallery မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။
လူဦးရေ အရေအတွက်ပေါ် မူတည်၍ စီစဉ်စရာများရှိတဲ့အတွက် ပါဝင်လိုသူများ၊ တက်ရောက် လိုသူများ အနေနဲ့ www.barcampyangon.org မှာ ကြိုတင် register ပြုလုပ်ဖို့ လိုအပ်ပါတယ်။ Lucky Draw အစီအစဉ်များ၊ Gift Pack များပေးသွားမယ့် အစီအစဉ်များ၊ စားသောက်ဖွယ်ရာများနဲ့ အခြား စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များကိုလည်း အလျဉ်းသင့်သလို ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
နည်းပညာ၊ အတွေ့အကြုံ၊ အကြံဉာဏ်များကို ဖလှယ်ဖို့ စိတ်ဝင်စားသူအားလုံး Barcamp Yangon မှာ ဆုံကြဖို့ မျှော်လင့်ပါတယ်။

Sharing Buttons by Linksku