Monthly Archives: March 2010

ဈေးနှုန်းသက်သာ Nokia 5230 Touchscreen Smart Phone


ဈေးနှုန်းသက်သာ Nokia 5230 Touchscreen Smart Phone

Nokia 5230 ကတော့ Iphone ပြီးလျှင် ဒုတိယ အကြိုက်ဆုံး smart phone ပဲ။ ဈေးနှုန်းကလဲ Iphone ထက် သက်သာတယ်။ ပြီးတော့ function စုံတယ်။ wifi မရတာလေး တစ်ခုပဲ :P ။ ဈေးနှုန်းက နိုင်ငံတကာမှာ ဆိုရင်တော့ USD 175-235 လောက်အထိ ရှိတယ်။ မြန်မာပြည်ဈေးနှုန်းတော့ မသိပေ။ support 3.5g, GPS, Symbian v9.4 ထည့် run ပေးထားတယ်။ 2 megapixels camera ပါဝင်ပြီးတော့ auto focus နဲ့ Led တော့ မပါဘူး။ All features လိုချင်တယ် ဆိုရင်တော့ Nokia 5800 သုံးပေါ့ ဈေးနှုန်းကတော့ USD 100 လောက် ထပ်ဆောင်းပေးရလိမ့်မယ်။ 

ရန်ကုန်လိမ်နည်း သတိထား





Blog ကို ပစ်ထားတာလဲ ကြာပြီ။ နည်းနည်းလောက်တော့ ပြန်ရေးဦးမည် ဟိုမရောက် ဒီမရောက် ရန်ကုန် အကြောင်း..။
ဟိုတစ်နေ့က ပိုက်ဆံ တစ်ချို့ လဲချင်သဖြင့် ဘားလမ်းဘက်ကို ရောက်သွားခဲ့သည်။ ခါတိုင်းကတော့ ကိုယ့်သူငယ်ချင်း အသိ မိတ်ဆွေ ကုမ္မဏီမှာပဲ လဲဖြစ်သည်။ တော်ရုံတန်ရုံ မသိမကျွမ်း မခင်မမင် ပဲနှင့် ပိုက်ဆံ မလဲချင် အလိမ်အညာ မိမှာ စိုးရိမ်၍ ဖြစ်သည်။ အညာခံ ရမှာ ကြောက်ပါသည် ဆိုမှ ထိုသူတို့ နဲ့ တည့်တည့် ကိုပဲ တိုးရတော့သည်။

ဘားလမ်း ဧမာနွေလ ဘုရားကျောင်းဘေးနားတွင် ပိုက်ဆံပွဲစား တော်တော်များများ ရှိကြသည်။ လူသွား လူလာများအား ပိုက်ဆံ လဲမလား နှင့် တကြော်ကြော် မေးလေ့ ရှိသည်။ သူတို့နှင့် ပိုက်ဆံ လဲချင် သည် ဆိုလျှင် အစစ အရာရာ သတိဝီရိယ မပြတ်ထားကြ။ တစ်သောင်းအုပ်ကို ငါးထောင်အုပ် လုပ်လေ့ ရှိသည်။ ပြီးလျှင် ပိုက်ဆံအား အတုဟု ပြောပြီးတော့ မိမိပိုက်ဆံ တန်ရာ တန်ကြေးအား ညာဝါးဖြီးဖျန်းပြီး ယူလေ့ ရှိကြသည်။ တစ်ယောက်တည်းတော့ မသွားလိုက်လေနှင့် ခံရဖို့ များသည်။ လူအုပ်များများ နှင့် ၀ိုင်းညာ လေ့ ရှိသော ရန်ကုန်မြို့ရဲ့ ပိုက်ဆံ ပွဲစားများပါပေ….။

Sharing Buttons by Linksku