Monthly Archives: June 2010

ဟိုဒီအတွေး……


…ဟိုဒီအတွေး

စူးစူနစ်နစ် စွဲစွဲမြဲမြဲ အလုပ်တစ်ခုရနေတယ် မိုးလင်းကနေ မိုးချုပ် ဒါကိုပဲ သတိတရ လုပ်နေမိတယ်။ အရက်လား မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အူသိမ် ရောင်ရမ်းနာ ဖြစ်နေတာကိုး အရက်မပြောနဲ့ လဘက်ရည်၊ ကော်ဖီ၊ Cola တောင် သောက်လို့ မရဘူး ။ စာတွေဖတ်တော့လဲ ထက်ထက်မိုးဦး ဘလော့ခ်တွေ ဖတ်တော့လဲ ထက်တက်မိုးဦးနဲ့ တစ်မိုးဦးတည်း မိုးဦး နေကြတယ် မိုးတွင်းကလဲ ရောက်ပြီကိုး။ ကျနော့် အထင် ဒီမင်းသမီးက ပေါ်ပြူလာ ဖြစ်အောင် တမင်တကာများ ဖန်တီးလိုက် သလား မသိပါဘူး။ လူတွေ ပါးစပ်ဖျားမှာ ပြောနေ ဆိုနေကြတုန်းပဲ။ ကားဂိတ်တွေမှာတောင်မှ တစ်စောင်တစ်ရာနဲ့ ဂျာနယ်ကို မိတ္တူကူးပြီး ရောင်းလိုက် ကြသေးတယ်။ ဒါလဲကုန်တာပဲ။ လူကြီးတွေ ပြောတယ် သွားသတိ လာသတိ နေသတိ ထိုင်သတိ တဲ့ သတိ မပြတ်စေနဲ့တဲ့ဗျ။ တယ်မှန်တာပဲ မိုးဦးလေဦးမှာ ဓါတ်ကြိုးပြတ်ကျနေပလားလို့ သတိနဲ့ သွားရလာရ၊ ရေတွေကြီးလို့ မြောင်းကျွံမှာကြောက်လို့ သတိနဲ့သွားရလာရ။ ယုတ်စွအဆုံး ကားလမ်းမဘေး ကနေ လမ်းလျှောက် နေရင်တောင်မှ ကားဘီးက ရွှံ့ ဗွက် လာစဉ်မှာစိုးလို့ သတိနဲ့ သွားရတယ်ဗျ။ အင်း မြန်မာ ပြည်မှာ နေရတာ ကောင်းပါတယ်။ အစဉ်သတိ က အမြဲရှိနေတော့တာပဲ။ ကျနော့်ရဲ့ ကိုယ်ပိုင် domain ကြီးလဲ အောင်ဖေမှာ ဂျောင်းသွားပြီ ပိုက်ဆံထပ်မပေးရသေးဘူး။ လောလောဆယ်တော့ blogspot လေးနဲ့ ဆက် လက်ပြေးလွှားလိုက်ဦးမယ်။ ဖုန်းနဲ့ကန်နဲ့ပါဗျ နောက်တစ်ပါတ်လောက်ဆိုရင် ဖုန်းကိုင်မယ် ပြီးရင် အိမ်မှာ ငါးမွေးမယ်။ ကဲ ဖုန်းနဲ့ကန်နဲ့ မဖြစ်ရော့သလား ဟတ် ဟတ်။ သြော်ဒါနဲ့ စကားမစပ် ပြောရဦးမယ် Blogspot မှာ Design ဆိုတဲ့ Tag တစ်ခု ထပ်တိုးလာတယ်ဗျ။ Template Design ကို ကိုယ့်ဘာသာကိုယ် လွယ်လွယ်ကူကူ နဲ့ပြင်လို့ ရပြီဗျို့ အရောင်မျိုးစုံလဲ ထည့်ချင်သလို ထည့်လို့ ရပြီ ဘာ HTML ဘာ CSS မှ နားလည်စရာ မလိုဘူး။ ကမ္ဘာ့ဖလားပွဲ လား အရင်းတုန်းကလောက် စိတ်မ၀င်စားတော့ပါဘူးဗျာ။ သူတို့ဘာသာ သူတို့ ကန်တာ ကျနော်က တပြားတချပ်မှလဲ ရတာ မဟုတ်ဘူး အားပေးရတာ အိပ်ရေးပျက်တာပဲ အဖတ်တင်မယ်။ ဖိုင်နယ်တစ်ပွဲတော့ ကြည့်မယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ချယ်ရီဦးမှာ Brazil ကို ဗိုလ်စွဲမဲ့ အသင်းဆိုပြီး စာရင်း ပေးထားလို့။ ကံစမ်းမဲလေးများ ပေါက်လိုက်ရင်တော့ဗျာ Rolex နာရီကြီး ရရချေသေးရဲ့………..:P ။

TYPE POST HERE…

Sharing Buttons by Linksku