ပြီးခဲ့တဲ့ တနင်္လာနေတုန်းက Postmouth နဲ့ ကပ်လျှက် ကမ်းခြေမြို့တစ်ခုဖြစ်တဲ့ Brounemouth Beach ကို မိသားစုနဲ့ အတူသွားဖြစ်တယ်။ လန်ဒန်ကနေ သွားရင် ကိုယ်ပိုင်ကားနဲ့ပဲသွားသွား Public Transport ပဲ သုံးသုံး နှစ်နာရီလောက်ပါပဲ။ ကျနော်တို့ ကတော့ ကားမရှိသေးတော့ PT နဲ့ပဲ သွားလိုက်တယ်။ ကားကကောင်းပါတယ်။ ၀ိုင်ဖိုင်လဲ တပ်ထားတယ် အင်္ဂလန်နိုင်ငံရဲ့ နွေရာသီ ဆိုတော့ Aircon လဲ ဖွင့်ပေးပါတယ်။ သုံးယောက် အသွားအပြန်မှ 67 pounds ပဲပေးရတယ်။ လက်မှတ်က နည်းနည်းတော့ ကြိုဝယ်ရတာပေါ့။ ကမ်းခြေကို အမှီပြု စီးပွားရေး လုပ်နေကြတော့ အိမ်တွေ မှန်သမျှ ဟိုတယ်တွေ ဖြစ်ကုန်တာ တွေ့ရတယ်။ ဈေးက အခြားနယ် မြို့များနှင့် မတူပဲ လန်ဒန်နဲ့ တန်းတူ နီးပါးလောက် ဈေးနှုန်းတွေနဲ့ရောင်းချပြီး အချို့ဆိုလျှင် လန်ဒန်မှာ ထက်တောင် ပိုများနေတာတွေ့ရပါတယ်။ မနက်သွား နောက်တစ်နေ့ ညနေပြန် တစ်ရက်ခရီး ဆိုတော့ ဘယ်မှ သိပ်စုံအောင် မသွားလိုက်ရပဲ ကမ်းခြေမှာ ဓါတ်ပုံ လိုက်ရိုက်နေတာရယ် ပြီးတော့ Shopping Centre တစ်ချို့ကို ညနေစာ သွားစားရင်းနဲ့ရောက်ဖြစ်ခဲ့တယ်။ ဖြစ်ချင်တော့ နောက်တစ်နေ့ ပြန်ရမဲ့ နေ့ကျတော့ ကျနော့်သားက ဟိုတယ် ကုတင်ပေါ်ကနေ ပြုတ်ကျပါလေရော၊ ပြုတ်ကျတော့ လန့်ပြုသွားတယ်ထင်ပါ့ အာခေါင်ခြစ်ငို ကျနော်နဲ့ ကျနော့် အမျိုးသမီးကလဲ ချော့မော့ ခဏနေတော့ တိတ်သွားပြီး မနက်စာစားဖို့ ဟိုတယ် စားသောက်ခန်းမ ကိုရောက်တဲ့ အခါကျမှ ပြဿနာက တတ်တော့တာ သားက စားရင်းသောက်ရင်းနဲ့ ထိုးအန်ချတော့တာပါပဲ။ အဲဒီ့မှာ ကျနော်နဲ့ အမျိုးသမီးလဲ ထိတ်လန့် သွားပြီး ဆေးရံကိုချက်ချင်းပြေး ခေါင်းတွေဘာတွေများ ထိသွားလားလို့ စမ်းသပ် စစ်ဆေး ရတော့တာပါပဲ။ Brounemouth ဆေးရုံမှာ ကလေးအထူးကု ဌာန မရှိတဲ့အတွက် ကပ်လျှက် မြို့ဖြစ်တဲ့ Poole ကို တစ်ခါ ထပ်သွား အဲဒီ့က ဆေးရုံကြီးက ကလေးအထူးကု ဌာနမှ အချိန်အတော် ကြာအောင် နေပြီးတဲ့ အခါမှာ ဆရာဝန်က ဘာမှ မဖြစ်ပါဘူးဆိုမှ ညနေခြောက်နာရီလောက်မှာ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တယ်။ ကျနော်တို့ ပြန်ဖို့အတွက် စီစဉ်ထားတာက Brounemouth ကနေ ကား ထွက်တဲ့ အချိန်လဲ ကျော်သွားပြီဆိုတော့ Poole ကနေ National express ကိုပဲ နေ့ချင်းလက်မှတ်ဝယ်ပြီးတော့ ပြန်ခဲ့လိုက်တယ်။ ချက်ချင်း ၀ယ်တော့ သုံးယောက်စာကို 71 pounds အသွားအပြန်ကားခ ပေးလိုက်ရပါတော့တယ်…။





