

Iron Cross လန်ဒန် ပွဲ ပြီးကတည်းက ဘလော့ခ်ကို မရေးဖြစ်တော့ဘူး။ အလုပ်ကလဲ တောက်လျှောက်လုပ်နေရတာဆိုတော့ ဘာမှကို မထိနိုင် မကိုင်နိုင်နဲ့ သုံးနေကျ social netwrok Facebook တောင်မှ Mobile ကနေပဲ သုံးဖြစ်တော့တယ်။ IC ပွဲပြီးတော့ ကြားထဲမှာ ပွဲတွေ သွားဖြစ်တာတော့ အများကြီးပဲ လူလဲ လန်ဒန်မှာ ရှစ်စပ်ကဂျင်ချေလည်နေပြီ ဘယ်ကနေ ဘယ်လိုသွား ဘယ်နေရာမှာ စောင့် ဘယ်လိုရိုက်ဆိုတာ သိတော့ သိနေပါပြီ။ London Olympic ကိုတော့ သွားမယ် သွားမယ်နဲ့ လုပ်နေတာ လုံးလုံး မရောက်တဲ့ အထိကို ဖြစ်သွားတာ။ ဖြစ်ဆို လတ်မှတ် တန်းစီထားတာ အိုလံပစ်ပွဲသာ ပြီးသွားတယ် ကျနော့်အလှည့်ကို မရောက်ဖြစ်တော့ဘူး အဲလောက်ထိ လူများတယ်လို့ ဆိုရမယ်။ ကြားထဲမှာ မင်္ဂလာဆောင် သွားရိုက်ပေးတာတို့ London Bridge ဘက်ကို ရောက်ဖြစ်တယ် ဓါတ်ပုံ ရိုက်ဖြစ်တယ်ဆိုပါတော့။ သိပ်လဲ ကောင်းတဲ့ ပုံတွေ မဟုတ်တာနဲ့ ဘလော့ခ်ပေါ်မှာလဲ မတင်ချင်ဘူး ရေးလဲ မရေးချင်တော့ဘူး။ အခုတော့ 26/27 August က လုပ်သွားတဲ့ Canival ပွဲကိုတော့ နှစ်ရက်လုံးလုံး သွားပြီးတော့ ဓါတ်ပုံ ရိုက်ဖြစ်တယ်။ တစ်ချို့ပုံတွေက Facebook တို့ 500px တို့မှာ တင်ပြီးသားတွေပါ။ဘလော့ခ်ကို အဆက်မပြတ်ချင်တာနဲ့ ထပ်တင်လိုက်တဲ့ သဘောပါပဲ။ ဒီလကုန်ရင်တောင် ဘလော့ခ် hosting က သက်တမ်းတိုးဖို့ စာပို့ထားတယ်။ ကျနော်က ထပ်တိုးရင် ကောင်းမလား မကောင်းလား စဉ်းစားနေတုန်းပဲ..။

