ဒေါက်တာ စင်သီယာမောင် (သို့) အရိပ်ကောင်းသော သစ်ပင်(၁)

ကျနော် သူ့ အကြောင်းကို ကြားနေရတာ ကြာပါပြီ။ လေးလည်းလေးစား ဂုဏ်လည်းယူပါတယ်။ ဒီ E-book ကို ဖတ်လိုက်ရတာနဲ့ ကျနော့်ရဲ့ ဘလော့ခ်မှာ ပြန်လည်ဖော်ပြရရင်ကောင်းမယ်လို့ ယူဆမိလို့ ပြန်လည် ကူးယူတင်ပြ ရခြင်းဖြစ်ပါတယ်။ မူရင်းရေးသားသူ ကတော့ စိုးနေလင်း ဖြစ်ပါတယ် ခင်ဗျာ။

နိဒါန်း
(က)

“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား´´ ဆိုသော ဆိုရိုးစကားကို မြန်မာနိုင်ငံ ပြည်သူများ မကြာခဏ ပြောဆို သုံးနှုန်းလေ့ရှိကြပါသည်။ အလွန်အားကောင်းလှသော ဥပမာစကားတစ်ခုလည်း ဖြစ်ပါသည်။ အမှန်တစ်ကယ် သစ်တစ်ပင် ကောင်းလျှင်ငှက်တသောင်းမက ခိုနားနိုင်လောက်သော အရိပ်အာဝါသ အသိုက်အမြုံတို့ကို ပေးအပ် နိုင်စွမ်းရှိပါသည်။ ထိုသို့သော အရိပ်အာဝါသ ကောင်းလှသည့် သစ်ပင်ကြီးများ လူ့သမိုင်းတွင် အထင်အရှား ရှိခဲ့ဖူးပါသည်။ ဖလော့ရင့်စ် နိုက်တင်ဂေးလ် (Florance Nightingale)၊ ဒေါက်တာ နော်မန်ဗက်သွန်းနှင့် မာသာထရီဇာတို့ မှာ ကမ္ဘာကျော်အောင် လူသားအကျိုး သယ်ပိုး ဆေင်ရွက်နိုင်ခဲ့ကြသော အရိပ်ကောင်းသော သစ်ပင်ကြီးများပင်ဖြစ်ပါသည်။ သူတို့ကဲ့သို့ အရိပ်ကောင်းသော အခြားသစ်ပင်များလည်း ရှိခဲ့ပါသည်။

(ခ)

ဒေါက်တာ စင်သီယာမောင် သည်လည်း အရိပ်ကောင်းသော သစ်ပင်တစ်ပင် ဖြစ်ပါသည်။

(ဂ)

ပြင်းထန် အားကောင်းသော လေမုန်တိုင်းကြီးများပင်လျှင် အရိပ်အာဝါသ ကောင်းသော သစ်ပင်ကြီးများကို လဲပြိုကျသွားအောင် တိုက်ခတ်ရန် ခက်ခဲ လှပါသည်။

(ဃ)

သို့ရာတွင် အလွန့်အလွန် အားကောင်းသော ဖျက်ဆီးနိုင်စွမ်းကြီးမားသော လေပြင်းမုန်တိုင်းများမှာမူ ထိုသို့သော အရိပ်အာဝါသ ကောင်းသည့် သစ်ပင်ကြီးများကိုပင် အပိုင်းပိုင်း ကျိုးပြတ်အောင် မြစ်လန်ပြိုလဲသွားအောင် တိုက်ခတ်ပစ်နိုင်စွမ်း ရှိတတ် ကြပါသည်။ သစ်ကိုင်းကြီးငယ်များ တဖြောင်းဖြောင်း ကျိုးပြတ်ပြီး နောက်ဆုံး အမြစ်ကျွတ်ထွက် ပြိုလဲ သွားသည့်အထိ စွမ်းအား ပြင်းထန်တတ်ကြပါသည်။
သို့ရာတွင်…

(င)

ဒေါက်တာ စင်သီယာမောင် ဟု အမည်တွင်သော ထို အရိပ်အာဝါသ ကောင်းသည့် သစ်တစ်ပင်မှာ တောင်တန်းကြီးများ၊ တောအုပ်ကြီးများနှင့် ဘုရားသခင်၏ မေတ္တာတရား အကာအကွယ်ပေးမှုအောက်တွင် ထီးထီးမားမား ရပ်တည်နေဆဲ ဖြစ်ပါသည်။ မည်သို့သော အကြောင်းကြောင့် လာရောက် နားခိုကြသည်ဖြစ်စေ နားခိုလာသော နှင်အပေါင်းအား နားခိုစရာ အရိပ်အာဝါသနှင့် အစားအစာ ပေးအပ်နေဆဲပင်ဖြစ်ပါသည်။

(စ)

အရိပ်အာဝါသ ကောင်းသော၊ ငှက်အထောင်အသောင်း နားခိုနိုင်သော သစ်ပင်ကြီးများ ကျွန်ုပ်တို့၏ ကမ္ဘာမြေပေါ်တွင်ကာလ အဓွန့်ရှည် တည်နေနိုင်ပါစေသတည်း…

စိုးနေလင်း

ဆက်ပါဦးမည်……


Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Protected by WP Anti Spam
Sharing Buttons by Linksku