Tag Archive: သီတဂူ တရားပွဲ

သီတဂူဆရာတော် အထူးတရားပွဲကျင်းပမည်

စစ်ကိုင်းတောင်ရိုး၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မ ကထိက၊ ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတ ဆရာတော် အရှင် ဥာဏိဿရ ၏ အထူး တရားပွဲတော်အား လန်ဒန်မြို့ တိသရဏကျောင်းတိုက်တွင် လာမည့် သောကြာနေ့(၁၇-၁၂-၂၀၁၀) ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသောကြောင့် တရားနာ ကြွရောက်ကြပါရန် ရဟန်းရှင်လူ ပြည်သူ အပေါင်းအား နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော်တိုက်တွန်းလိုက်ရပါသည်။

Address :357 Nelson Road, Whitton, Twickenham, London TW2 7 AG

TEL : +442088986965

မြေအောက်ရထားလိုင်း (Piccadilly Line)ကို (Heathrow Terminal 1,2,3,4,5)သို့သွားသော ရထားအား (Hounslow East Station)ထိ စီးနင်းပါ။ ၄င်းနောက် ရထားဘူတာမှထွက်၍ ညာဘက်သို့ ချိုးကာ ဘူတာရုံဘက်အခြမ်းတွင်ရှိသောကားမှတ်တိုင်မှ 111 သို့မဟုတ် H28 ကို (Nelson Road/The Warrant)မှတ်တိုင်သို့ရောက်သည်ထိ စီးနင်း၍ ထိုမှဆင်းကာ မီးပွိင့်လမ်းဆုံရောက်သည့်တိုင်အောင် လမ်းဆက်လျှောက်ပါ။ မီးပွိုင့်တွင် (Nelson Road) ပေါ်သို့ ဘယ်ဘက်ကိုချိုး၍ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်ခန့် ဆက်လျှောက်လာသောအခါ ရထားသံလမ်းကုန်းတံတားကို ဖြတ်ကျော်ပြီးသည့်နောက် လမ်း၏ လင်္ကျာဘက်အခြမ်းတွင် တိသရဏကျောင်းကို ရောက်ရှိနိုင်သည်။

(Heathrow)လေယာဉ်ကွင်းဘက်ခြမ်းမှ လာသောအခါ မည်သည့် ရထားကိုမဆို စီးနင်းလိုက်ပါ၍ (Hounslow East Station)တွင်ဆင်းကာ အထက်ဖေါ်ပြပါလမ်းအတိုင်း ဆက်လက်၍ လာခဲ့ပါက ကျောင်းသို့ရောက်ရှိနိုင်ပါသည်။


Sharing Buttons by Linksku