Tag Archive: IC London Tour 2012

Iron Cross London Music Concert

14 ရက်နေ့က Iron Cross show ကို သွားဖြစ်တယ်။ ပွဲမတိုင်ခင် နာရီပိုင်း အလိုမှ ပွဲစီစဉ်တဲ့သူတွေကို Facebook ကနေ Message ပို့ ဓါတ်ပုံ ရိုက်ဖို့ ခွင့်တောင်းကြည့်တော့၊ ကျနော့် Blog မှာ IC ပွဲလုပ်မယ် ဆိုတဲ့ အကြောင်း တင်ပေးထားခဲ့တာနဲ့ သူတို့ကလဲ လိုလိုလားလားပဲ ပွဲရှေ့ဆုံးကနေ ဓါတ်ပုံ ရိုက်ခွင့်ပေးခဲ့ပါတယ်။ ဓါတ်ပုံ ကောင်းရဖို့အတွက်ပဲ အာရုံရောက်နေလို့လားတော့ မသိပါဘူး ICရဲ့ စင်မြင့်ဖျော်ဖြေရေး က ဘာတွေဖျော်ဖြေသွားတယ် ဆိုတာတောင်မှ သေချာ သတိမထားမိလိုက်ဘူး။ ပွဲစီစဉ်တဲ့သူတွေ အတွက်တော့ အမြတ်အစွန်း သေချာပေါက်ကျန်မယ်လို့တော့ မထင်မိဘူး။ IC မတိုင်ခင် ရှေ့ရက်တွေက အင်္ဂလန်မှာ ပွဲတွေ လုပ်တာများထားတော့ ထင်သလောက် လူဝင်တာ မတွေ့ခဲ့ရဘူး။ ပွဲအတွင်းမှာ IC အဖွဲ့သားတွေ အမှတ်တရ လက်မှတ် စုထိုးထားတဲ့ T-shirt ကို လေလံတင်ပြီး ပေါင် 150 နဲ့ ပွဲကြည့်ပရိတ်သတ် တစ်ဦးမှ လေလံရသွားတယ်။ အဲဒီ့ငွေကို စစ်ဘေးဒဏ်ခံနေရတဲ့ ကချင်ပြည်နယ်ဘက်ကို လှူဒါန်းသွားမယ်လို့လဲ ကြေငြာသွားခဲ့ပါတယ်။ Overall ခြုံကြည့်လိုက်ရင်တော့ အထိုက်အသင့်အောင်မြင်တဲ့ ပွဲလို့ ပြောလို့ရပါတယ်။ 

Iron Cross London Tour 2012

လန်ဒန်မှ Iron Cross ပရိတ်သတ်အတွက် 14 July 2012 နေ့ ညနေ ၆ နာရီ ကျရင် ရှိုးပွဲရှိတယ်နော်။ လိပ်စာကတော့ 28, New Kent Road, London SE1 6TJ ဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်းကို ရေးမထားပါဘူး။ ထပ်မံ Up to date လုပ်ပေးပါ့မယ်။

Photo : ZY Lin (Thar Zay)

Sharing Buttons by Linksku