အလုပ်နားတဲ့ ရက်မှာ ဟိုဒီလျှောက်ရိုက် ထားတဲ့ ပုံလေးတွေပါ။ အားလပ်တဲ့ အချိန်မှာ ကိုယ်ဝါသနာ ပါတာလေး လုပ်နေရတာကလည်း စိတ်အပန်းဖြေနည်း တစ်မျိုးပဲ မဟုတ်လား…
အလုပ်နားတဲ့ ရက်မှာ ဟိုဒီလျှောက်ရိုက် ထားတဲ့ ပုံလေးတွေပါ။ အားလပ်တဲ့ အချိန်မှာ ကိုယ်ဝါသနာ ပါတာလေး လုပ်နေရတာကလည်း စိတ်အပန်းဖြေနည်း တစ်မျိုးပဲ မဟုတ်လား…
တစ်ခါလာလည်း ဒီ London Eye နောက်တစ်ခါလာလည်း ဒီ London eye ဆိုပြီး စိတ်များ ပျက်နေကြပြီလား မသိဘူး။ London မှာ tourist attraction နေရာများစွာထဲမှာမှ London eye ဘက်ကို လူအတော်များများ လာလေ့ရှိ တာကြောင့် street photo သမား ကျနော့် အနေနဲ့ကလည်း လူများတဲ့ နေရာကိုပဲ အဓိက ဦးစားပေးသွားလေ့ရှိပါတယ်။ ဗြိတိန်ရဲ့ နွေဦးရာသီမှာ လူတွေ က နေရောင်ခြည်အောက်မှာ ပျော်ရွှင်စွာ သွားလာ လှုပ်ရှားနေတာကို မှတ်တမ်းတင်ချင်တာလည်းပါတာပေါ့။ street photo မှာ object, action, speed ဆိုတာတွေကို အချိုးကြကြ ပေါင်းစပ်ပေးရတာ ဆိုတော့ ကျနော်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်တဲ့ London eye area ကိုပဲ အချိန်တော်တော်များများ ရောက်ဖြစ်ခဲ့ပါတယ်။ ကိုယ် မရင်းနှီးတဲ့ နေရာဒေသမှာ street သွားရိုက်မယ်ဆိုရင် ပါတ်ဝန်းကျင်ကို လေ့လာနေရာတာနဲ့တင် ဘာပုံမှ မရသလောက်ဖြစ်တတ်တာမို့ ရောက်ဖူးပြီးသား နေရာကိုပဲ ထပ်ခါထပ်ခါ သွားနေမိတာပါ။ location scout အတွက် နေရာသစ်ကို သွားချင်ပေမဲ့လည်း အလုပ်နားတဲ့ ရက် နှစ်ရက်အတွင်း ဘယ်မှမသွားဖြစ်တာကြောင့် နေရာသစ်ကိုလဲ မရောက်ဖြစ်တော့ဘူး ဖြစ်နေခဲ့ပါတယ်။
Myanmar street photographer around the world outing day I was participated and I am expecting someone might interesting and would join me but no one. May be next round please come and join me !!!!
That guy is broken leg actually, they changed their riding stuffs when they got back and then enjoy up riding
I saw it, I captured it, I felt happy for it and I got picture of the day at Myanmar street photographers page
Canary wharf is is a major business district located in Tower Hamlets, London, United Kingdom. It is one of London’s two main financial centres (wiki) and seem like everybody busy with time schedule 
မနေ့က လန်ဒန် ဝင်ဘယ်ဒန် ဘက်မှာ လုပ်တဲ့ ထိုင်း သင်္ကြန်ပွဲတော် ဘက်ကို ရောက်ဖြစ်တယ်။ ကိုယ့် မြန်မာ သင်္ကြန်ပွဲက စနေနေ့ ထိုင်းပွဲက တနင်္ဂနွေနေ့ ဆိုတော့ နှစ်ရက်လုံး ဟိုဘက် ဒီဘက်သွားလိုက်တယ်။ ဓါတ်ပုံတွေလဲ တော်တော်များများ ရိုက်ဖြစ်တယ်။ ကိုယ့်မြန်မာပွဲက ပုံတွေက လုံးဝ စိတ်ကြိုက်တွေတဲ့ ပုံမပါလို့ မတင်တော့ဘူး။ ထိုင်းပွဲက ပုံတွေပဲ တင်လိုက်တယ်။ ပျော်ရွှင်ဖွယ် နှစ်သစ် ဖြစ်ကြပါစေဗျာ..။
ဒီနေ့ brick lane (http://en.wikipedia.org/wiki/Brick_Lane) ဘက်ကို သွားပြီး street photo တွေ အတော်များများ ရိုက်ဖြစ်တယ်။ အဲဒီ့မှာ မြန်မာတွေ အများကြီးနဲ့လည်း တွေ့ခဲ့တယ်။ burmese cuisine ဆိုပြီး မြန်မာဆိုင်ရဲ့ ဆိုင်းဘုတ်မှာ အရဟံ တောင် ရေးထားလိုက်သေးတယ်
Easter ပိတ်ရက်မှာ Brick Lane ဘက်ကို သွားပြီး ဓါတ်ပုံတွေ အားပါးတရ ရိုက်လိုက်ရတာ စိတ်ထဲမှာ နည်းနည်းတော့ ကျေနပ်ပြီး နေသာထိုင်သာ ရှိသွားတယ်။ စကားမစပ် UK မှာလဲ ဇယ်တောက်ခုံ ငှားလို့ရပါတယ်ဗျ
လမ်းပေါ်က ဘဝတွေက တစ်ကယ် စိတ်ဝင်စားဖို့ ကောင်းပါတယ်.။ ကင်မရာကနေ ချောင်းကြည့်ပြီး ဒီလူပျော်နေလား၊ စိတ်ညစ်နေလား ဆိုတာကို တစ်ခါတစ်လေ ဝေခွဲနေမိတဲ့ အပြင် ကိုယ့်ပုံကောင်း ဖို့အတွက်လဲ setting တွေကို စိတ်ထဲက တွက်ချက်နေမိတယ်။ တစ်ခါတစ်လေ camera setting ကို auto မှာ အကုန်ထားပြီးတော့ လတ်တလော ဖြစ်နေတဲ့ မြင်ကွင်းလေး ပျောက်သွားမှာ စိုးလို့ အသည်းအသန် ရိုက်လိုက်ရတာမျိုးလည်း ရှိတယ်။
ကြည့်မှန် တစ်ချပ်ရှေ့ရပ်ကြည့် စကားပြော ငါ့ အရိပ်နဲ့ငါ ဘယ်သူ အမှန်တုန်း
သူ ဇယ်တောက်တာကလည်း ဘီယာဗူးကလေးနဲ့
ပင်စင်စား အဖိုးအို တစ်ယောက် လမ်းဘေး စစ်တုရင် ဝိုင်းလေးကို ရပ်ကြည့်နေတာပါ.။
ဒီလူက သုံးယောက် တစ်ယောက် ပြိုင်လို့ စစ်တုရင် ထိုးနေတာပါ..။ အလွန်းအမင်း အာရုံစိုက်နေရပုံပါပဲ။
ပုံတွေကို ကြည့်ပြီးတော့ Brick Lane က အရိပ်အယောင်တွေကို ပုံဖော်ကြည့်နိုင်မယ်လို့ မျှော်လင့်ပါတယ်..။ ကျနော့်ရဲ့ ပထမဦးဆုံး story telling street photography post လေးပါပဲ။
ခင်မင်လျှက်
ကျော်ဇေယျ